ကုန်သွယ်မှုသတင်းများ

Powered by Drupal
05 May 2022

                ဆောင်းကြက်သွန်နီ(နွေပင်လေး)ကို ၂၀၂၁ ခုနှစ် ၊ နိုဝင်ဘာလ၊ဒီဇင်ဘာနှင့်ဇန္နဝါရီ လဆန်းတို့တွင် စိုက်ပျိုးကြပြီး စိုက်ပျိုးသက်တမ်း ရက် ၉၀ ၊ ၁၀၀ တွင်ရိတ်သိမ်းကြသည်ဟု သိရှိရပါသည်။ဆောင်းကြက်သွန်နီ(နွေပင်လေး) မစိုက်ပျိုးမီ ရက် (၄၀၊၄၅) အလိုမှစ၍ ကြိုတင်၍ ၃ ပေ x ၄၀ ၊ ၃ ပေ x ၅၀ ပေ နှင့် ၃ ပေ x ၆၀ ပေ အကျယ်ဘောင်များခတ်ကာ မြေဆွေးချ၊မျိုးစေ့ချ၍ ပျိုးပင်ပေါက်များရအောင် ရေလောင်းပေါင်းသင် ပြုစုပျိုးထောင်ရသည်ဟု သိရှိရပါသည်။ ၎င်းမှ ပျိုးပင် ရက် ၄၀ ၊ ၅၀ သက်တမ်းအရောက်တွင် စိုက်ပျိုး

05 May 2022

             မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံတွင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများအနေဖြင့် လယ်ယာမြေများတွင် သီးနှံသီးထပ်၊ သီးညှပ်စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုခြင်းကို အဓိကဆောင်ရွက်လျက်ရှိကြပါသည်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊  မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်နှင့် ပုံပါကျင်မြို့နယ်ခွဲတို့တွင်လည်း မိုးရာသီကုန်ဆုံးချိန် စပါးရိတ်သိမ်းပြီးထား‌သော လယ်ယာမြေများပေါ်တွင် သီးနှံသီးထပ်၊ သီးညှပ်အနေဖြင့် ကြက်သွန်ဖြူ (ရှမ်းခွံန

05 May 2022

              ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂.၅.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ရှိ ကောင်တိုင်းလိ (Kaung Tai Le) ရော်ဘာကြိတ်ခွဲသန့်စင်စက်ရုံသို့သွားရောက်၍ ရော်ဘာ ကြိတ်ခွဲသန့်စင်မှုနှင့် ရော်ဘာဈေးနှုန်း/ဈေးကွက်အခြေအနေတို့အား ကွင်းဆင်းလေ့လာခဲ့ပါသည်။

03 May 2022

            ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ဧပြီလဆန်းပိုင်းတွင် စပါးဆန်ဈေးများငြိမ်နေပြီး ဧပြီလနောက်ဆုံးပတ်တွင် စပါးဈေးဆန်ဈေးများ အနည်းငယ် မြင့်တက်လာခဲ့ပါသည်။

03 May 2022

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် စားအုန်းဆီဈေးများ ဆက်လက် မြင့်တက်လာခဲ့ပါသည်။ ယခင်သင်္ကြန်မတိုင်မှီကာလက စားအုန်းဆီတစ်ပိဿာလျှင် ၅၉၀၀-၆၁၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး သင်္ကြန်ကျော်ကာလတွင် တစ်ပိဿာလျှင် ၆၀၀၀-၆၁၀၀ ကျပ်မှ ၆၅၀၀-၆၈၀၀ ကျပ်ထိ ဈေးပြန်မြင့်လာပြီး ယခုဧပြီလနောက်ဆုံးပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် ၇၀၀၀-၇၂၀၀ကျပ်ထိ ဈေးဆက်လက်မြင့်တက်လာခဲ့ပါသည်။

Pages