ရွှေဖရုံသီး နှင့် ဘူးသီး ဈေးနှုန်း

Powered by Drupal

            ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးကြသော ရွှေဖရုံသီးများကို ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေး ကွက်အတွင်းသို့ လာရောက်ပို့ဆောင် ရောင်းချကြပြီး ရာသီချိန်မဟုတ်သည့် ကာလ များတွင် ရွှေဖရုံသီးများ ကို မန္တလေးမြို့တို့မှ မှာယူ ရောင်းချရကြောင်း သိရှိရပါ သည်။

             ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမအပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေးကွက်အတွင်းရှိ ရွှေဖရုံသီး ဈေးနှုန်းအနေဖြင့် ရွှေဖရုံသီး လက္ကားဈေး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ရွှေဖရုံသီး လက်လီဈေး တစ်ပိဿာလျှင်(၂၇၀၀)ကျပ် နှင့် ရွှေဖရုံသီး တစ်စိတ်လျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ ဘူးသီး ဈေးနှုန်းအနေဖြင့် ဘူးသီးအလုံး(အကြီး) တစ်လုံးလျှင် လက္ကားဈေး(၂၈၀၀) ဘူးသီးအလုံး(အကြီး) တစ်လုံးလျှင် လက်လီဈေး(၃၀၀၀)ကျပ်၊ ဘူးသီး (အလတ်) တစ်လုံးလျှင် လက္ကားဈေး(၂၃၀၀)ကျပ်နှင့် ဘူးသီး (အလတ်)တစ်လုံးလျှင် လက်လီဈေး (၂၅၀၀) ကျပ်၊ ဘူးသီး(အသေး) တစ်လုံးလျှင် လက္ကားဈေး (၁၈၀၀)ကျပ်၊ ဘူးသီး(အသေး)တစ်လုံးလျှင် လက်လီဈေး (၂၀၀၀)ကျပ် နှင့် ဘူးသီး တစ်စိတ်လျှင် (၅၀၀) ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။

DOCA(စစ်ကိုင်း)