
ပုလောဝက်အူချောင်းကို မြိတ်မြို့တွင်သာမက ပုလောမြို့တွင်လည်း ထုတ်လုပ်ဖြန့် ရောင်းချလျက်ရှိသည်။ အချိုဓါတ်များပြီး အရသာရှိသောကြောင့် လက်ဆောင်အဖြစ်ဝယ်ယူကြပြီး မြိတ်ခရိုင်ဒေသထွက်အစားအစာများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ ဝက်အူချောင်များထဲမှ ပုလော ဝက်အူချောင်းသည် အရောင်းရဆုံးဖြစ်ပြီး လူကြိုက်အများဆုံးဖြစ်သည်။
မြိတ်မြို့တွင်ရောင်းချလျက်ရှိသော ဝက်အူချောင်းစျေးနှုန်းမှာ တစ်ပိဿာ (၄၅၀၀၀)ကျပ်ရှိပြီး ပုလောဝက်အူချောင်မှာ တစ်ပိဿာလျှင် (၅၀၀၀၀)ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)