ကုန်သွယ်မှုသတင်းများ

Powered by Drupal
16 Jul 2025
တိုယိုတာမော်တာဗီယက်နမ်က ၎င်းတို့သည် ၂၀၂၅ ခုနှစ်၏ပထမနှစ်ဝက်တွင် ကားအစီးရေ ၂၉၀၀၀ ကျော်ကို ဗီယက်နမ်စားသုံးသူများထံရောင်းချခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့် ကာလနှင့်နှိုင်းယှဉ်ပါက ၃၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဇူလိုင်လ ၂ ရက်နေ့ကကြေညာခဲ့ပါ သည်။ ကုမ္ပဏီသည် ဇွန်လကုန်တွင် ဗီယက်နမ်၌ စုစုပေါင်းကားရောင်းချရမှုပမာဏမှာ အစီးရေ ၉၉၉၈၅၇ စီးထိရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရပါသည်။ ထို့ကြောင့် ကုမ္ပဏီသည် ဗီယက်နမ်တွင် ၎င်းတို့အမှတ်တံဆိပ်ရောက်ရှိမှုနှစ် ၃၀ ပြည့်အခမ်းအနားတွင် ကားရောင်းချမှုအစီးရေ ၁ သန်း
16 Jul 2025
ဘန်ကောက်ဘဏ်(BBL)သည် လာမည့်ဆယ်စုနှစ်နှစ်ခုအတွင်း အင်ဒိုနီးရှား၏ သိသာထင်ရှားသောစီးပွားရေးအခွင့်အလမ်းများကို မြင်တွေ့လျှက်ရှိပြီး အင်ဒိုနီးရှားသို့ ထိုင်းစီးပွားရေး လုပ်ငန်းများတိုးချဲ့ရာတွင် ပံ့ပိုးပေးရန် ကတိပြုခဲ့ကြောင်း သိရပါသည်။ အစိုးရမဟာဗျူဟာများ၊ များပြားပြီးငယ်ရွယ်သောလူဦးရေ ၂၈၄ သန်းနှင့် ပေါကြွယ်ဝသောသဘာဝအရင်းအမြစ်တို့ကြောင့် ကမ္ဘာပေါ်တွင် စီးပွားရေးကြီးထွားမှုအမြန်ဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ကြောင်း သိရပါသည်။ ထိုအားကောင်းသောအခြေခံအုတ်မြစ်တို့ကြောင့် အင်ဒိုနီးရှား၏ စီးပွားရ
16 Jul 2025
၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း မုံရွာမြို့ရှိ နန္ဒဝန် ဝန်ထမ်းအိမ်ရာ ဈေးသစ်တွင် ရာသီစာ ဟင်းသီးဟင်းရွက်များ၊ စားဖိုဆောင်သီးနှံများ၊ အသား၊ ငါးနှင့် ဒေသထွက်ကုန်များ ရောင်းချလျက်ရှိပါသည်။ CP ကြက်သားတစ်ပိဿာလျှင် ( ၂၃၀၀၀ )ကျပ်၊ ဆိတ်သား အသားသန့် ( ၁ ) ပိဿာလျှင် ( ၂၅၀၀၀ ) ကျပ်၊ ဆိတ်သား အသားပါ အရိုး ( ၁) ပိဿာလျှင် (၁၂၀၀၀)၊ အရိုး (၁) ပိဿာလျှင် ( ၈၀၀၀)၊ အမဲသား တစ်ပိဿာလျှင် ( ၃၀၀၀၀ )ကျပ်၊ ငါးကြင်း ခုတ်သား ( ၂၅)ကျပ်သားလျှင် ( ၆၅၀၀) ကျပ်၊ ဝက်သား ( ၁ ) ပိဿာလျှင်( ၃၅၀၀၀)ကျပ် ဖြင့်
16 Jul 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင် ပြီး အသက်မွေးဝမ်းကြောင်းပြုကြသူများရှိသလို တောတောင်ကို အမှီပြုပြီး သပြေပန်းချိုးရောင်း ခြင်း၊ မျှစ်ချိုရောင်းခြင်း၊ မှိုရှာရောင်းခြင်း၊ အသီးအရွက်ခူးရောင်းခြင်း၊ အင်ဖက်ခူးရောင်းခြင်းနှင် ပျားရှာသည့်လုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးတွက် အသက်မွေးဝမ်းကြောင်း ပြုသူများရှိသည့်အနက် သပြေပန်းကိုလည်းချိုးပြီး ကျွန်းလှမြို့သစ်ရာမြိုင်ဈေးတွင် လာရောက် ရောင်းချလျက်ရှိကြောင်း သိရသည်။
16 Jul 2025
၂၀၂၅ ခုနှစ်၏ ပထမ ၆ လတာကာလတွင် ထိုင်းနိုင်ငံသို့နိုင်ငံခြားခရီးသွားလာရောက် လည်ပတ်မှုမှာ ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၄.၅၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ခရီးသွားနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင်လ ၁ ရက်နေ့က ပြောကြားခဲ့ပါသည်။ ထိုကာလ အတွင်းနိုင်ငံခြားခရီးသွား ၁၆.၆၁ သန်းလာရောက်လည်ပတ်ခဲ့ပြီး မလေးရှားက လည်ပတ်သူ ၂.၂၉ သန်းဖြင့် ထိပ်ဆုံးမှဦးဆောင်ခဲ့ကာ ၎င်းနောက်တွင် တရုတ်က ၂.၂၅ သန်းဖြင့် ဒုတိယနေရာ ကရပ်တည်နေကြောင်း သိရပါသည်။ ထိုင်းနိုင်ငံဘဏ်ကလည်းယခုနှစ်အတွက် နိုင်ငံခြားခရီးသွား

Pages