ကုန်သွယ်မှုသတင်းများ

Powered by Drupal
19 May 2023

     တောင်ငူခရိုင်၊ ဖြူးမြို့တွင် ဧပြီလကုန်ပိုင်းက ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၉၅၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ၁၀၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပြီး ဧည့်မထ ဈေးနှုန်းမှာ တစ်အိတ်လျှင် ၆၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ဧပြီလကုန်ပိုင်းက တစ်ပိဿာလျှင် ၆၈၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၅၀၀ ကျပ် ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။

19 May 2023

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်လှိုင်ဥမ္မာဦးသည် ခရိုင်ဦးစီးမှူး၏လမ်းညွှန်ချက် ဖြင့် (၁၀-၅-၂၀၂၃) ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့နယ်အတွင်းရှိ နန်းတော်ရပ်ကျေးရွာအုပ်စု၊ ဘဲကြီးကျေးရွာမှ တောင်သူဦးအောင်ကျော်ထူးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

19 May 2023

    တောင်ငူခရိုင်၊ ဖြူးမြို့ရှိ အခြေခံလူတန်းစားများ စားဝတ်နေရေးကို အထောက်အကူပြုစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဖြူးမြို့နယ် ဆန်ကုန်သည်များနှင့် ဆန်စက်လုပ်ငန်းရှင်များက ဆန်များကို သက်သာသောနှုန်းထားဖြင့် ‌လှည့်လည်ရောင်းချပေးလျက် ရှိပါသည်။

19 May 2023

      ဒူးရင်းသီးလို့ ကြားလိုက်သည်နှင့် စားချင်သောသူများရှိသလို အနံ့ပင်မခံနိုင်သောသူများ လည်းရှိပါသည်။ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ရာသီချိန်အလိုက် ကျောက်ကြီးဒေသထွက် ဒူးရင်းသီးများ ရောင်းချလျက်ရှိပါသည်။ ဒေသခံများသာမက ခရီးသွားပြည်သူများလည်း ဒူးရင်းသီး ဆိုင်ရှေ့ရောက်လျှင် ကားရပ်ကာ ဆင်းဝယ်ကြသည်ကို တွေ့ရပါသည်။ ပေါ်ဦးပေါ်ဖျားတွင် ဒူးရင်းသီးတစ်လုံးလျှင် (၅၀၀၀)ကျပ်မှ (၁၃၀၀၀)ကျပ်အထိ အလုံးအကြီးအသေးပေါ်မူတည်၍ ဈေးအစားစားရှိပါသည်။

19 May 2023

      ၂၀၂၃ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် ကြက်သွန်နီကုန်စည်ဒိုင်၌ ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ရေစကြိုနှင့် ပခုက္ကူကျွန်းများမှ ဆောင်းစိုက်ပင်များအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။  ပခုက္ကူကြက်သွန်နီကုန်ဝယ်ဒိုင်တွင် ပခုက္ကူမြို့နယ်အပြင် ပုလဲ၊ တောင်သာ၊ ညောင်ဦးနှင့် မြင်းခြံနယ်များမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်နေပါသည်။

Pages