ကုန်သွယ်မှုသတင်းများ

Powered by Drupal
19 May 2023

     နတ်တလင်းခရိုင် ၊ ပေါင်းတည်မြို့နယ် ကုန်စည်ဒိုင်တွင် မတ်ပဲဈေးကောင်းလာ၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ ဧပြီလ(ဒုတိယပတ်)အတွင်း မတ်ပဲတစ်တင်းပိဿာ (၂၀)တင်းလျှင် (၆၆၀၀၀ မှ ၆၇၀၀၀) ကျပ်ဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ရက်လျှင် အိတ်(၁၅၀ မှ ၂၀၀)ခန့် ရန်ကုန်မှ အဝယ်ရှိခဲ့ပါသည်။ ဧပြီလ(တတိယပတ်)နှင့် နောက်ဆုံးပတ်တွင် တစ်တင်းလျှင် (၆၇၀၀၀ မှ ၆၇၅၀၀)ကျပ်ဖြစ်ပြီး တစ်ရက်လျှင် အိတ် (၁၀၀ မှ ၁၅၀ )ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

19 May 2023

      ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူဒေသမှစိုက်ပျိုးထွက်ရှိသော ပဲစင်းငုံနီ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲယင်း၊ စွန်တာနီ၊ ပဲလွန်းပြာနှင့် အခြားပဲမျိုးစုံများအရောင်းအဝယ်ဖြစ်နေပါသည်။ ၂၀၂၃ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် ပဲဈေးနှုန်းများမှာ ပဲစင်းငုံနီတစ်တင်းလျှင် ကျပ်(၇၆၆၀၀-၇၆၈၀၀-၇၇၈၀၀)၊ ကုလားပဲဝါလုံးကြီး(929)တစ်တင်းလျှင် ကျပ်(၇၁၇၀၀-၇၂၁၀၀)၊ ကုလားပဲဝါ(HL)တစ်တင်းလျှင် ကျပ်(၇၀၅၀၀-၇၁၀၀၀-၇၁၁၀၀)၊ ပဲတီစိမ်းကြီးတစ်တင်းလျှင် ကျပ်(၆၆၁၀၀-၆၆၂၀၀- ၆၇၁၀၀)၊  ပဲဇီးကွက်တစ်တင်းလျှင် ကျပ်(၄၁၆၀၀-၄၂၀၀၀-၄၂၁၀၀)၊ စွန်တာ

19 May 2023

     ပခုက္ကူကုန်စည်ဒိုင်၌ ၂၀၂၃ုခုနှစ်၊ မေလ(ပထမပတ်)တွင် ပဲစင်းငုံတစ်တင်းလျှင် ကျပ်(၇၇၂၀၀)ဖြင့် အိတ်(၁၀၀)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဒုတိယအပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် ကျပ်(၇၉၃၀၀)ဖြစ်၍ ကျပ်(၂၁၀၀)ဈေးမြင့်တက်ခဲ့ပြီး တစ်ရက်ကို အိတ်(၁၃၀)ခန့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ခဲ့ပါသည်။

19 May 2023

      ကရင်ပြည်နယ် ၊ သံတောင်မြို့နယ် ၊ ပိန်းထီလာရွာတွင် လိုင်ချီးသီးများ စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိလာသော လိုင်ချီးသီးများကို တောင်ငူမြို့အတွင်း ဖြန့်ဖြူးရောင်းချနေ ပါသည်။ လိုင်ချီးသီးကို ဈေးကွက်တွင် တစ်ပိဿာလျှင် (၄၀၀၀-၄၅၀၀)ကျပ် ရောင်းချလျက်ရှိပါသည်။ လိုင်ချီးသီးတွင် ရေဓာတ်နှင့် အာဟာရဓာတ်များစွာပါဝင်ပါသည်။ လိုင်ချီး သီးတွင် ကာဗွန်ဟိုက်ဒရိတ် ၊ အသားဓာတ် ၊အချိုဓာတ် ၊အမျှင်ဓာတ်၊ ဗီတာမင်စီ တို့ပါဝင်သောကြောင့် ဆံသားကိုကျန်းမာစေခြင်း၊ ကိုယ်အလေးချိန်လျှော့ချပေးခြင်း၊ နှလုံးသွေးကြေ

19 May 2023

   ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးမြို့တွင် ကျောက်ကြီးဒူးရင်းသီးများ လှိုင်လှိုင်ပေါ်၍ စျေးကောင်းရရှိလျက်ရှိပါသည်။ ဒူးရင်းသီးပေါ်ချိန်တွင် ကျောက်ကြီးဒူးရင်းသီးသည် နာမည်တစ်လုံးဖြင့် ရပ်တည်ခဲ့သည်မှာလည်း ဆယ်စုနှစ်တစ်ခုရှိနေပြီး ဖြစ်ပါသည်။ ကျောက်ကြီး ဒူးရင်းသီးတွင် ကိုင်းဆတ်သီး၊ ပင်ပျိုသီး၊ ကျောက်စိမ်းသီးဟူ၍ အမျိုးစားအလိုက်ရှိပါသည်။ ဒူးရင်းသီး ပေါ်ချိန်ကာလတွင် ကျောက်ကြီးဒူးရင်းသီးသည် တစ်ခြားနယ်များမှ ထွက်ရှိသည့် ဒူးရင်းသီးများနှင့် မတူဘဲ တစ်မူထူးခြားကာ အစေ့သေ

Pages