ကုန်သွယ်မှုသတင်းများ

Powered by Drupal
18 May 2023

     ၁၈.၅.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသ

18 May 2023

   မုံရွာမြို့နယ်၏ သရက်စိုက်ပျိုးဒေသများဖြစ်သော မုံရွေး၊ ကြေးမုံ၊  ကြီးအုပ်၊ ခတ္တကန်၊ ဆည်ကြီးတော၊ သစ်ညိုပင်ရွာများတွင် ဧပြီလနောက်ဆုံးအပတ်မှစ၍ စိန်တလုံးသရက်သီးများ စတင်ထွက်ရှိပြီး မုံရွာမြို့၊ ကန်သာယာဈေး၊ သီရိရတနာဈေးနှင့် မြသလ္လာဈေး အစရှိသောဈေးများသို့ ဝင်ရောက်မှုရှိနေကြောင်း သိရပါသည်။

18 May 2023

     မုံရွာမြို့ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

18 May 2023

     မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ရာ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

18 May 2023

     ၂၀၂၃ ခုနှစ် မေလ ဒုတိယအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း (အသစ်)တစ်ပြည် (၄၅၀၀) ကျပ်၊ ယခင်အပတ်တိုင်း တည်ငြိမ်လျက်ရှိ၊ ဧရာမင်း(အသစ်)တစ်ပြည် (၃၅၀၀) ကျပ် ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ မြစ်သား အမျိုးအစား (အသစ်) လက်လီဈေးမှာ (အကြီး)တစ်ပိသာ (၂၈၀၀) ကျပ် ၊ (အလတ်) တစ်ပိသာ (၂၃၀၀) ကျပ် ၊ (အသေး)တစ်ပိသာ (၂၀၀၀) ကျပ်  ယခင် မေလ ပထမအပတ်ထက် တစ်ပိသာလျှင် (၈၀၀)ကျပ် မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီ ဈေးမှာ(ဗမ

Pages