ကုန်သွယ်မှုသတင်းများ
၂၀၂၃ခုနှစ်၊ မေလ တတိယအပတ်တွင် လွိုင်ကော်မြို့ရှိ အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည်(၄၉၀၀)ကျပ်၊ ဧည့်မထဆန် တစ်ပြည်(၃၈၀၀)ကျပ်၊ ငစိန်ဆန်တစ်ပြည် (၂၉၀၀) ကျပ်ဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိပြီး မြေပဲဆီတစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ စားအုံးဆီ တစ်ပိဿာလျှင်(၈၈၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ နေကြာဆီ တစ်ပိဿာ လျှင်(၁၄၅၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူ မြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ် ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏ မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါး မျိုးစုံရောင်းချလျက်ရှိပြီး မေလ၊ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်းများ မှာ ငါးရံ့အကောင်လိုက် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေး
ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးခရိုင်၊ ချောက်ခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်၊ အောင်လံခရိုင်၊ ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်တို့၌ နွေစပါးသီးနှံကို စပါးမျိုးကွဲများအလိုက် စိုက်ပျိုးလျက်ရှိပါသည်။ မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခရိုင်မှာ ယခု ၂၀၂၃ခုနှစ်၊ နွေရာသီကာလတွင် နွေစပါးကို စိုက်ဧကပေါင်း(၃၅၀၀၀)ကျော်စိုက်ပျိုးနိုင်ခဲ့ကြောင်းကို မကွေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးနိုင်ထံမှ သိရှိရပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။