ကုန်သွယ်မှုသတင်းများ

Powered by Drupal
16 Jul 2025
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ကြက်သွန်နီ နှင့်ကြက်သွန်ဖြူများကို မိမိတို့ဒေသထွက် အနည်းငယ်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့်မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တို့မှ အများဆုံး မှာယူရောင်းချလျက်ရှိ ကြောင်း သိရှိရပါ သည်။
16 Jul 2025
ကျွန်းလှမြို့ ရပ်ကွက်ဈေးများတွင် သစ်သီးဝလံမျိုးစုံဖြစ်သည့် ပန်းသီး၊ စပျစ်သီး၊ ပန်းသစ်တော် သီး၊ ဖရဲသီး၊ ကြက်မောက်သီး၊ နာနတ်သီး၊ ငှက်ပျောသီး နှင့်သခွားမွှေးသီးတို့ ရောင်းချလျက်ရှိရာမှ ကြက်မောက်သီးကိုလည်း မန္တလေးမြို့နှင့်လားရှိုးမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။
16 Jul 2025
ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်အတွင်း မိမိတို့ တောင်ယာများအတွင်း စိုက်ပျိုးပြီး ထွက်ရှိသည့် သရက်သီးများကို အခြား ဒေသများသို့ ပို့ဆောင်ရောင်းချရန် အဆင်မပြေသည့်အတွက် မိမိဒေသတွင်သာ R2E2 သရက်သီးမှည့်များကို လှိုင်လှိုင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ R2E2 သရက်သီးမှည့်သည် အခြားသရက်သီးများထက် အလုံးအရွယ်အစား ပိုကြီးထွားပြီး အမျှင်မပါဘဲ အသားကအိအိလေးဖြစ်ပြီး အချိုဓါတ်နည်းတာကြောင့် ဆီးချိုသမားများ စားသုံးရန် အတွက် သင့်တော်သော သရက်သီးဖြစ်ကြောင်း သိရသည်။
16 Jul 2025
သရက်သီး ရာသီချိန်ကုန်တော့မည် ဖြစ်သော်လည်း ရင်ကွဲသရက်နှင့် ပတ္တမြားငမောက် သရက်သီးများမှာ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ပတ္တမြားငမောက် သရက်သီးများသည် အလုံး အရွယ်အစားကြီးပြီး အသားထူသောကြောင့် လူကြိုက်များသည်။ ပတ္တမြားငမောက် သရက် မျိုးများကို မုံရွာမြို့နယ်နှင့် အနီးတစ်ဝိုက် ဒေသများရှိ ကျေးရွာများမှ စိုက်ပျိုး၍ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ဈေးတို့တွင် လာရောက် ရောင်းချလျက်ရှိရာ ဇွန်လ စတုတ္ထ ပတ်တွင် ဖြစ်ပေါ်နေသော ပတ္တမြားငမောက်သရက်သီးဈေးနှုန်းများအနေဖြင့် ( ၁ )လုံးလျှင်
16 Jul 2025
ကနေဒါနိုင်ငံ၏ အကြီးစား LNG တင်ပို့သည့် စက်ရုံပထမဆုံးလည်ပတ်မှုအနေဖြင့် ဇူလိုင်လ ၃၀ ရက်နေ့က ၎င်း၏ ပထမဆုံး သဘာဝဓါတ်ငွေ့ရည်၊ NG တင်ပို့မှုအား စတင်ခဲ့ ကြောင်း သိရသည်။ LNG Canoda ထုတ်ပြန်ချက်အရ စက်ရုံသည် Kitimat တွင် တည်ရှိပြီး တစ်နှစ်လျှင် LNG တန်ချိန် ၁၄ သန်းခန့် တင်ပို့နိုင်ရန် ရည်ရွယ်ထားပြီး အနာဂတ်တွင် နှစ်ဆတိုး မြှင့်တင်ပို့နိုင်ရန် ရည်ရွယ်ထားကြောင်းသိရသည်။ အာရှသို့ LNG Canoda ၏ ပထမဆုံးတင်ပို့မှု ဖြင့် ကနေဒါနိုင်ငံသည် ၎င်း၏ စွမ်းအင်ထုတ်ကုန်များကို ယုံကြည်စိတ်ချရသော မိတ်ဖက်များ

Pages