ကုန်သွယ်မှုသတင်းများ

Powered by Drupal
16 May 2023

စားအုန်းဆီထုတ်လုပ်မှု အထွက်နှုန်း သိသိသာသာကျဆင်းလာမည်ဟု ဧပြီလအတွင်း ခန့်မှန်းချက်များကြောင့်  အနာဂတ်မလေးရှားစားအုန်းဆီဈေးနှုန်းသည် မေလ ၉ ရက်နေ့တွင် ရက်သတ္တသုံးပတ်အတွင်း ၄ ရာခိုင်နှုန်းကျော် အမြင့်မားဆုံးဖြင့် တစ်ဟုန်ထိုးမြှင့်တက်လာခဲ့သည်။

16 May 2023

    ၂၀၂၃ ခုနှစ်၊ မေလ ဒုတိယပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး(သိင်္ဂီ) တစ်ပြည် ၅၅၀၀ ကျပ်၊ ဧည့်မထ (ဒေသ)ဆန် တစ်ပြည် ၃၁၅၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များ အနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၃၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၆၇၀၀ ကျပ်၊ (ရှမ်းစ)တစ်ပိဿာ ၇၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၁၅၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၂၅၀၀ ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၃

16 May 2023

အိန္ဒိယနိုင်ငံတွင် ပန်းသီးတင်သွင်းမှုများသည် ပြည်တွင်း၌ ထုတ်လုပ်သောပန်းသီးများ၏ဈေးနှုန်းကို လျော့နည်းကျဆင်းစေခဲ့ပါသည်။ သို့ဖြစ်ရာ နိုင်ငံအတွင်းသို့ ပန်းသီးတင်သွင်းမှုကို ယခင်က ကင်းလွတ်ခွင့်ပြုထားရာမှ ယခုတားမြစ်ကန့်သတ်လိုက်ကြောင်း အိန္ဒိယအစိုးရက မေလ ၈ ရက်၊ တနင်္လာနေ့တွင် အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့သည်။

16 May 2023

      ၂၀၂၃ ခုနှစ်၊ မေလ ဒုတိယအပတ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၄၂၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၂၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၂၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၂၅၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၃၃၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၃၇၀၀)ကျပ် ဖြစ်ပါသည်။

16 May 2023

ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၂၂ ခုနှစ်၌ ရရှိခဲ့သော ပထဝီကုန်အညွှန်း အမှတ်အသားထုတ်ကုန် ရောင်းချရမှုတန်ဖိုး ဘတ်ငွေ ၄၈ ဘီလီယံထက် ပိုမိုလျက် ၂၀၂၃ ခုနှစ်တွင် ဘတ်ငွေ ၅ဝ ဘီလီယံသို့ တိုးတက်ရရှိမည်ဟု ခန့်မှန်းထားပါသည်။ ပထဝီကုန်အညွှန်းအမှတ်အသား (GI) ဆိုသည်မှာ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဈေးကွက်တန်ဖိုး ပိုမိုရရှိစေရန် ထုတ်ကုန်တစ်ခုအား နိုင်ငံတစ်ခု၊ ဒေသတစ်ခု သို့မဟုတ် နေရာဌာနတစ်ခုတွင် ထုတ်လုပ်ပြီး ထူးခြားသော ဝိသေသလက္ခဏာများ သို့မဟုတ် အရည်အသွေးများကို

Pages