ကုန်သွယ်မှုသတင်းများ
တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။
မအူပင်ခရိုင်၊ မအူပင်မြို့နယ်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့်မြို့နယ် တစ်ခုဖြစ်သော်လည်း၊ ငါးမွေးမြူရေးအနေဖြင့် ငါးကန်ပေါင်း (၁၀၀၀) ကျော်ရှိ၍ ငါးမွေးမြူရေးလုပ်ငန်းများလည်း အောင်မြင်မှုရရှိနေသည့် မြို့နယ်တစ်ခု ဖြစ်သည့်အလျောက် ယခုအခါတွင် ငါးမွေးကန်အတော်များများတွင် ဥစားကြက်ခြံများကို များပြားစွာ တွေ့မြင် နေရပါသည်။
ပုသိမ်ဆန်ဈေးကွက် ဖေဖော်ဝါရီလအတွင်း ဧရာဝတီပေါ်ဆန်း ဆန်တစ်အိတ် ကျပ် ၇၅၀၀၀/- ဈေး၊ ပေါ်ဆန်းရင်ဆန်တစ်အိတ် ကျပ်၇၂၀၀၀/- ဈေးနှင့် မနောသုခ၊ မျိုးပွားဆန် တစ်အိတ် ကျပ် ၅၇၀၀၀/- ဈေးဖြင့် ဒေသတွင်းနှင့် ရန်ကုန်၊ အထက်အညာဒေသများသို့ အရောင်းအဝယ် သွက်လျက်ရှိပြီး ယခုမတ်လပထမပတ်တွင် အရောင်းအဝယ်ပုံမှန်သာရှိကြောင်း ဆန်ကုန်သည်များထံမှ သိရပါသည်၊၊

၁၄.၃.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပဲတီစိမ်းစိုက်ရာသီ၌ ဧက ၃သိန်းကျော်စိုက်ပျိုးခဲ့ရာ အဓိကပြည်တွင်းဈေးကွက်နှင့် ပြည်ပ EU ဈေးကွက်ဝင်ပဲတီစိမ်းများကို အများဆုံး ၉၀% စိုက်ပျိုးလျက်ရှိပါသည်၊၊ အရည်အသွေးကောင်းသည့်ခရမ်းပဲတီစိမ်းမှာ ခရမ်းမြို့နယ်တစ်မြို့နယ်တည်းတွင် စိုက်ဧက(၁၀၁၁၁၈)ဧကစိုက်ပျိုးပြီး ယခုအချိန်တွင် ဧကအားလုံးမှာ ရိတ်သိမ်းပြီးစီးလုနီးပါးဖြစ်ပါသည်၊၊ ဈေးကွက်အနေဖြင့် ယခင်နှစ်ပဲတီစိမ်းရာသီနောက်ဆုံး၌ တစ်တင်းလျှင် ကျပ်(၆၀၀၀၀)ကျော်ရှိခဲ့ပြီ
