ထားဝယ်ဒေသထွက် ပီလောပီနံစျေးနှုန်း

Powered by Drupal

     ရာသီစာဖြစ်သည့် ထားဝယ်ဒေသထွက် ပေါ်ဦးပေါ်ဖျားပီလောပီနံဥကို ထားဝယ်မြို့အနီး တစ်ဝိုက်ရှိကျေးရွာများမှ မြို့ပေါ်စျေးများသို့ လာရောက်ရောင်းချကြပါသည်။ ဒေသခံတောင်သူများသည် ပီလောပီနံဥကို အပိုဝင်ငွေရရှိရန်အတွက် မိမိတို့၏ အိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး ကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။ ပီလောပီနံသည် လူသားတို့နှင့် သဘာဝပတ်ဝန်း ကျင်ကို ထိခိုက်မှုနည်းပြီးနိုင်ငံခြားဝင်ငွေ ရရှိနိုင်သောကြောင့် စိုက်ပျိုးသင့်သောသီးနှံတစ်ခုဖြစ်သည်။ ပီလောပီနံဥကို ပြုတ်၍စားစား၊ ပြန်ပေါင်းလုပ်၍စားစား အရသာရှိလှပါသည်။ ပီလောပီနံဥစျေးနှုန်းမှာ တစ်ပိဿာလျှင် (၅၀၀၀)ကျပ်နှုန်းတို့ဖြင့် ကမ်းနားစျေးနှင့် စည်ပင်သာယာစျေးတို့တွင် ရောင်းချ လျက်ရှိကြောင်း သိရသည်။

DOCA(တနင်္သာရီ)