
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ ထားဝယ်မြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများ၌ စီးပွားဖြစ်ဘုရားပန်းများ စိုက်ပျိုးရောင်းချလျက်ရှိပြီး လူကြိုက်များပြီး ပန်းတိမ်ငိုပန်းများကို နေပြည်တော်၊ ရန်ကုန်နှင့် မော်လမြိုင်တို့ဘက်မှ ဝယ်ယူရောင်းချလျက်ရှိပါသည်။ ပန်းတိမ်ငိုပန်းများမှာ အထား ခံပြီး တစ်မျိုးလေးကျက်သရေရှိသည့်အတွက် ဈေးကောင်းရကြောင်းလည်း သိရှိရပါသည်။
၂၀၂၅ခုနှစ်၊ ဇွန်လနောက်ဆုံးပတ်အတွင်း ပန်းတိမ်ငိုပန်းဈေးကောင်းလျက်ရှိပြီး (၁၀)ပွင့် တစ်စည်း လျှင် (၁၀၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)