ကုန်သွယ်မှုသတင်းများ
၂၀၂၂-ခုနှစ် ဒီဇင်ဘာလ ဒုတိယအပတ်တွင် ကသာမြို့နယ်၊ သီရိခေမာဈေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများမှာ ဧရာမင်းဆန်တစ်ပြည်လျှင် (၂၂၀၀)ကျပ်၊ မှော်ဘီဆန်တစ်ပြည်လျှင် (၁၉၀၀) ကျပ်နှင့် ချင်း-၃ဆန်တစ်ပြည်လျှင် (၁၇၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး စားသုံးဆီ ဈေးနှုန်းမှာ မြေပဲဆီတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်နှင့် စားအုန်းဆီတစ်ပိဿာလျှင် (၆၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ ဆန်ဈေးနှုန်းများမှာ ဒီဇင်ဘာလ ပထမအပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက ဈေးနှုန်းအတက်/အကျ မရှိဘဲ တည်ငြိမ်နေသည်
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/21.14.jpg?itok=pvvWY6Wp)
ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဒီဇင်ဘာလ ဒုတိယပတ်တွင် စပါး /ဆန် ဈေးနှုန်းမှာ အနည်းငယ် မြင့်တက်ခဲ့ပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဒီဇင်ဘာလ ပထမပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀ ၊ မန္တလေးသို့ အိတ်ရေ၄၃၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၀၅၆၀၀၊ တန်အားဖြင့် ၅၂၈၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/21.13.jpg?itok=z2XpF00_)
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်တွင် ဒီဇင်ဘာလ ဒုတိယအပတ်၌ ဘိလပ်မြေ ဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၆၀၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ် လျှင် (၁၇၀၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၇၀၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ် မြို့အတွင်းရှိ ဘိလပ်မြေ ဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၄၈၀၀)ကျပ်၊ ဆင် တံဆိပ် (50)kg တစ်အိတ် လျှင် (၁၅၆၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၆၀၀)ကျပ် ဖြစ်ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/21.9.jpg?itok=cyZ2a5x4)
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်အတွင်း အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းမွှေး(သိင်္ဂီ) တစ်ပြည်လျှင် ၄၅၀၀ကျပ်၊ ဧည့်မထဆန် တစ်ပြည်လျှင် ၂၅၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များအနေဖြင့် ကြက်သွန်နီ တစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ (ရှမ်းစ)တစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ ငရုတ်သီးခြောက် (ရှည်)တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၂၃၀၀ကျပ်၊ အာလူး တစ်ပိဿာလျှင်
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/21.8.jpg?itok=gXnNn0wL)
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်သည် ကျေးရွာအုပ်စု (၇၆) အုပ်စု ရှိပြီး မြို့နယ် မိုးစပါးစိုက်ဧက (၁၄၁၁၉၂) ဧက ရှိပြီး (၁၂.၁၂.၂၀၂၂) နေ့တွင် မိုးစပါးအားလုံး ရိတ်သိမ်းချွေလှေ့ ပြီးစီးခဲ့ပြီးဖြစ်ပါသည်။