ကုန်သွယ်မှုသတင်းများ

Powered by Drupal
23 Dec 2022

     စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးကို လွိုင်ကော်မြို့နယ် မှုံပြာ၊ လင်ဖုံလေး၊ ရေနီကန်ကျေးရွာများတွင် စိုက်ပျိုးကြပြီး ထွက်ရှိသောငရုတ်သီးစိမ်းကို‌ ဒေသတွင်း ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချကြပြီး၊ ဒေသခံလူမျိုးများမှာလည်း ငရုတ်သီးကို ဒေသရိုးရာအစားအသောက်များ၊ ဟင်းလျာများတွင် မရှိမဖြစ်အများဆုံးအသုံးပြုကြပါသည်။

23 Dec 2022

      ကယားပြည်နယ်တွင် ထောပတ်သီးကို လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးတွင်လည်းကောင်း ၊ ပျံကျဈေးတို့တွင်လည်းကောင်း များစွာရောင်းချလျက်ရှိပါသည်။ ထောပတ်သီးကို အောင်ပန်း၊ ကလော၊ တီဂျစ်စသည့်မြို့တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး ယခုဒီဇင်ဘာလအတွင်း၌ ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ထောပတ်သီးဈေးနှုန်းမှာ အလုံးကြီးတစ်လုံးလျှင် (၄၀၀)ကျပ်၊ အလုံးအလတ်တစ်လုံးလျှင် (၃၅၀)ကျပ်၊ အလုံးအငယ်တစ်လုံးလျှင် (၂၀၀)ကျပ်ယခင်နိုဝင်ဘာလအတွင်း ဈေးကွက်အတွင်းဖြစ်ပေါ်ခဲ့သော ထောပတ်သီးဈေးနှုန်းမှာ အလုံးကြီးတစ်လုံးလျှ

23 Dec 2022

      သစ်သီးဝလံတစ်မျိုးဖြစ်သည့် ပန်းသီးသည် ရှမ်းပြည်နယ်၊ တောင်ပိုင်း အောင်ပန်းဒေသမှ အများဆုံးထွက်လျက်ရှိပါသည်။ ပြည်နယ်ဈေးကွက်အတွင်း၌ ဝင်ရောက်နေသော ပန်းသီးသည် အကျွတ်သီးနှင့် အပွသီးဟူ၍ (၂) မျိုးရှိသည့်အနက် ဝယ်ယူစားသုံးရာတွင် ပန်းသီးအကျွတ်သီး (ကြီး) တစ်လုံးလျှင် ကျပ်(၇၀၀)၊ သေး(၆၀၀)ကျပ်၊ ပန်းသီးအပွသီး(ကြီး)တစ်လုံးလျှင် (၇၀၀)ကျပ်၊ သေး (၆၀၀)ကျပ်ဖြင့် ဈေးနှုန်းပေါက်လျက်ရှိရာ ဒီဇင်ဘာလအချိန်ရာသီသည် ပန်းသီးအနည်းငယ် ထွက်ရှိတဲ့အချိန်ကာလဖြစ်ကြောင်း၊ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုမှာနည်းပ

21 Dec 2022

           ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကြံသီးနှံ(ခင်းသစ်) စိုက်ဧက (၂၀၄၉၈)ဧကလျှင် အထွက်နှုန်း(၂၅)တန်ခန့် ထွက်ရှိပါက ကြံတန်ချိန် (၅၀၀၀၀၀) ကျော်ခန့်၊  (လမိုင်း) စိုက်ဧက (၇၃၄၀)ဧကလျှင် အထွက်နှုန်း(၁၇)တန်ခန့် ထွက်ရှိပါက ကြံတန်ချိန် (၁၂၀၀၀၀) ကျော်ခန့်၊ စုစုပေါင်း (၂၇၈၃၈)ဧကလျှင် အထွက်နှုန်း(၂၃)တန်ခန့် ထွက်ရှိပြီး ကြံတန်ချိန်ပေါင်း (၆၀၀၀၀၀) ကျော်ခန့်ထွက်ရှိနိုင်ပါကြောင်း သိရှိရပါသည်။

21 Dec 2022

             ဖြူးမြို့နယ်၊ ဖြူးအရှေ့ကျေးရွာအုပ်စု၊ အုတ်ကျင်းကျေးရွာမှ တပိုင်တနိုင် ပဲပင်ပေါက် လုပ်ငန်းသည် ဖြူးနှင့်အနီးတဝိုက်မြို့နယ်များသို့ ပို့ပေးရသည့် အောင်မြင်သည့် စီးပွားရေးလုပ်ငန်း ဖြစ်ပြီး ရာသီတိုင်း ဝင်ငွေရလျှက်ရှိပါသည်။ ပဲပင်ပေါက်ဖောက်ရာတွင် ပဲနောက်ကို အသုံးပြုရ ပါသည်။ ပဲနောက် တစ်ပြည်ကို ၄၀၀၀ ကျပ်ခန့် ပေးဝယ်ရပါသည်။ တစ်ရက်ရောင်းချရန်အတွက် ပဲနောက် ၄ ပြည်အသုံးပြုရပါသည်။ ပဲနောက် တစ်ပြည်လျှင် ပဲပင်ပေါက် ၈ ပိဿာခန့်ရပါသည်။

Pages