ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ ဝါစိုက်ဧက (၇၄၄၅) စိုက်ပျိုးထားရှိပြီး ဝါစိုက်တောင်သူအများစုသည် နိုင်ငံခြားစပ်မျိုး (၆၆၆)မျိုးကို အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။
စက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ စက်သုံးဆီ လက်ကားရည်ညွှန်းစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိရာ မကွေးမြို့ပေါ်တွင် စက်သုံးဆီဆိုင် (၂၁)ဆိုင်မှာ ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဒီဇင်ဘာလတွင် ဒုတိယပတ်နှင့် တတိယပတ်အတွင်း စက်သုံးဆီဈေးနှုန်းများမှာ ဒုတိယအပတ်တွင် စက်သုံးဆီ စျေးနှုန်း များမှာ 92 တစ်လီတာလျှင် ကျပ်(၁၉၁၀)၊ 95 တစ်လီတာလျှင် ကျပ်(၂၀၀၅)၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် ကျပ်(၂၂၄၀)၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် ကျပ်(
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၌ ပဲကပ်ကြော်၊ ပဲမဲကြော် လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ကြသူများ မိသားစုစီးပွားရေး အဆင်ပြေပြီး ဝင်ငွေတိုးလျက်ရှိကြောင်း သိရပါသည်။ ပဲကပ်ကြော် ကြော်ရာတွင် ပထမဦးစွာ ကုလားပဲကိုည(၁၂)နာရီကြာအောင် ရေစိမ်ထားရကြောင်း၊ ရေစိမ်ပြီးသော ကုလားပဲ(၁)ပိဿာ(၅၀)ကျပ်သား ကိုရေစစ်ပြီး၊ ကြိတ်ပြီးသား ဆန်မှုန့် (၆)ပြည်၊ ပဲမှုန့် (၇၅)ကျပ်သားတို့နှင့် ရောနှောအရည်ဖျော်ပြီး ကြော်ရကြောင်း၊ နေ့စဉ် နံနက်(၀၄:၀၀)နာရီမှ (၁၄:၀၀)နာရီအထိ ကြော်ရကြောင်း၊ တစ်နေ့ပဲကပ်ကြော်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်ရှိ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ဆုံရာ ရေဝင်ဒေသများဖြစ်သည့် ကျွန်းထဲကျေးရွာများမှ မိုး(ဥစိုက်) ကြက်သွန်နီ များ ပခုက္ကူမြို့ရှိ အမှတ် (၁) မြို့မဈေး၏ အရှေ့တောင်ဘက် အရပ်ခေါ် ကျွန်းတန်း ကြက်သွန်နီပွဲရုံ တန်းသို့ ဥပုဒ်နေ့မှလွဲ၍ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း “စိန်ရတနာ” ပွဲရုံပိုင်ရှင် ဦးစိန်လွင်၏ ပြောပြချက်အရ သိရှိရပါသည်။
ယခု(၁)ပတ်တွင် ပခုက္ကူမြေပဲဈေးကွက်၌ မြေပဲဈေးများ ဆက်လက်ကျဆင်းနေပြီး ဒီဇင်ဘာလ(၆)ရက်မှ(၁၂)ရက်နေ့အထိ (၁)ပတ်အတွင်း မြေပဲတောင့်(အခြောက်) ပိဿာ(၃၅၀၀၀)၊ တင်း (၂၃၀၀)ခန့် ၊ မြေပဲဆံ ပိဿာ(၁၀၀၀၀)၊ ပိဿာ(၃၀)ဝင်ဆံ့ အိတ်(၃၃၀)ခန့် ဝင်ရောက်လျက်ရှိပြီး မြေပဲတောင့်(အခြောက်)(၁)ပိဿာလျှင် ကျပ်(၂၅၀၀ မှ ၃၂၀၀)၊ မြေပဲဆံ(၁)ပိဿာလျှင် လက်ကားဈေးလုံးဆံ(ရှယ်) ကျပ်(၅၁၀၀)နှင့် ဆီဆံ ကျပ်(၄၈၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူမြို့မဈေးကြီးအတွင်း၌ လက်လီဈေး မြေပဲလုံးဆံ(၁)ပိဿာလျှင် ကျပ်(၅၀၀၀ မှ ၅၅၀