ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ရွှေဘိုပေါ်ဆန်း ဆန်(ဟောင်း)(တစ်အိတ်)လျှင် ၈၈၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း(သစ်)(တစ်အိတ်)လျှင် ၅၈၀၀၀ကျပ်၊ ဧရာမင်း(ဆန်)(ဟောင်း)(တစ်အိတ်)လျှင် ၆၅၀၀၀ကျပ်၊ ဧရာမင်း(ဆန်)(သစ်)(တစ်အိတ်)လျှင် ၄၈၀၀၀ ကျပ်၊ ငစိန်ဆန် (တစ်အိတ်) လျှင် ၄၀၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၉၄၅၀-၉၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၉၅၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင်၁၂၀၀၀ကျပ်၊ စားအုန်းဆီ(တစ်ပိဿာ) လျှင် ၅၄၀၀-၅၄၅၀ ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀-၈၀၀ ကျ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/စားကုန်_0.png?itok=W5zRnIRh)
မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခု နှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပြီး၊ ထောပတ်ပဲဈေးနှုန်း မှာဈေးနှုန်းတူညီနေပြီး၊ စွန်တာနီ/ပြာ တစ်မျိုးသာ ဈေးနှုန်းကျဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးနှုန်း သတင်းများအရ သိရသည်။
မတ်ပဲ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/ပဲမျိုးစုံ_1.jpg?itok=L5gZ96bU)
မြန်မာနိုင်ငံတွင် နွေ၊ မိုး၊ ဆောင်း ဟူ၍ ဥတု(၃)ပါးရှိရာ မြူနှင်းများဝေပြီး ခိုက်ခိုက်တုန် အောင်ချမ်းသော ဆောင်းရာသီဖြစ်သည့် နတ်တော်လ၊ ပြာသိုလများတွင် ပဲမြစ်ကို တူးဖော်ရောင်းချ ကြပါသည်။ ပဲမြစ်သည် တစ်နှစ်မှာ တစ်ရာသီသာပေါ်သည့် ရာသီစာဖြစ်ပါသည်။ ဘုရားပွဲများတွင် ဧည့်ခံကျွေးမွေးခြင်း၊ ဘုန်းတော်ကြီးကျောင်းများသို့ အချိုပွဲအဖြစ်ပို့ခြင်း၊ ရပ်နီး/ရပ်ဝေး မကျန် လက်ဆောင်အဖြစ်ပေးသော သရေစာတစ်မျိုးဖြစ်ပါသည်။ ပဲမြစ်ပြုတ်ရာတွင် စေးပိုင်စေရန် ကောက်ရိုး၊ ထန်းလျက်ခဲများဖြင့် ပြုတ်ကြပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/ပဲမြစ်.jpg?itok=Zt0Pzx_E)
မြန်မာပြည်အထက်ပိုင်း၏ ဆန်အိုးကြီးဟု တင်စားခေါ်ဝေါ်ကြသည့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် ရွှေဘိုပေါ်ဆန်းကို နှစ်စဉ်စိုက်ဧက သုံးသိန်းမှ လေးသိန်း ကြားစိုက်ပျိုး လျက်ရှိကြောင်း၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ ကန့်ဘလူခရိုင်တို့တွင် အများဆုံးစိုက်ပျိုးကြကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်း ဇယားများအရသိရှိရပါသည်။ ရွှေဘိုပေါ်ဆန်းသည် မြန်မာလူမျိုးတို့နှစ်သက်သည့် ဆန်အမျိုးအစား တစ်မျိုးဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၏ အမှတ်အသားထုတ်ကုန်တစ်မျိုးဟုလည်း ဆိုနိုင်ပါသည်။ ယခုနှစ်တွင် ရ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/sag8.jpg?itok=RZOxvEL1)
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ စည်ပင်သာယာဈေးကြီးအတွင်း၊ အပြင်၊ ဈေးကြီး အနီးပတ်ဝန်းကျင်နှင့် မြို့ပေါ်ရှိနေရာအသီးသီးတွင် ဆောင်းရာသီပေါ်ပန်းမုန်လာများ ရောင်းချလျက် ရှိကြောင်း သိရှိရသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/ပန်းမုန်လာ.jpg?itok=KfFQSH1o)