ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်းရှိ တောင်လုံးညို၊ မှော်ဇာ၊ ကုန်းရိုး၊ မထော၊ ရွာမ၊ တွင်းဗြည်း၊ ခွေးရဲ အစရှိသည့် ကျေးရွာများတွင် ကြက်သွန်နီအား ဆောင်သီးနှံအဖြစ် စိုက်ပျိုးလျက်ရှိကြပြီး စိုက်ဧကအားဖြင့် စုစုပေါင်း ၁၇၅ ဧကခန့်ရှိပါသည်။ တစ်ဧကကုန်ကျစရိတ်မှာ ၁၆ သိန်းခန့်ကုန်ကျပြီး သွင်းအားစုအနေဖြင့် ရေလောင်းခြင်း၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးအသုံးပြုမှုအပေါ်မူတည်၍ ကုန်ကျစရိတ်မှာ တစ်ဦးနှင့်တစ်ဦးကွဲပြားမှုရှိခဲ့ပါသည်။ မတ်လကုန်နှင့် ဧပြီလများတွင် တူးဖော်ရောင်းချလေ့ရှိပ

ပြည်ပဲဈေးကွက်သို့ ဆောင်းသီးနှံဘိုကိတ်ပဲသစ်များ နေ့စဉ်ဝင်ရောက်လျက်ရှိနေသောကြောင့် တစ်ရက်လျှင် အိတ် ၁၀၀/၁၅၀ ကျော်အထိဝင်ရောက်ခဲ့ပါသည်။ ပြည်အနီးတဝိုက် ဒေသအချို့မှဝင်ရောက်ခဲ့ပြီး ရောင်းဝယ်မှုအနေဖြင့် လက်လီ/လက်ကားရောင်းဝယ်မှုဖြစ်ခဲ့ကာ ဝင်လာသမျှပဲသစ်များာမှာ အရောင်းအဝယ်ဖြစ်နေခဲ့ပါသည်။ ပဲဈေးနှုန်းမှာ တစ်တင်းလျှင် ၄၀၅၀၀ ကျပ်ဖြင့် ရောင်းဝယ်နေခဲ့ကြသည့်အတွက် ပဲဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြသော အခြားပဲများဖြစ်သည့် ပဲလွန်းဖြူ၊ ထောပတ်ပဲ၊ ပဲနီပြား သီးနှံဈေးနှုန်းများနှင့်ယှဉ်လျှင်

ပြည်မန်ကျည်းမှည့် ပွဲရုံများတွင် နှစ်ဟောင်းသိုလှောင်မန်ကျည်းမှည့်များ ကုန်သွား သလောက် ရှိနေကြောင်း သိရှိရပါသည်။ ပြည်မြို့နယ်တဝိုက်မှ ဒေသထွက် မန်ကျည်း မှည့်အသစ်များ စတင်ဝင်ရောက်ပြီဖြစ်ပါသဖြင့် တစ်ရက်လျှင် ပိဿာ ၃၀၀ အထိ အဝင်ရှိနေ ပါသည်။ အသားချည်း သက်သက် မဟုတ်ဘဲ အစေ့ပါ (ကတုံး) မန်ကျည်းမှည့်များဖြစ်ပြီး တစ်ပိဿာပွဲရုံဈေး ၁၃၅၀ကျပ် ဈေးနှင့် လက်လီ ၁၈၀၀ကျပ်ဈေးတို့ဖြင့် ရောင်းချနေကြောင်း သိရှိ ရပါသည်။ တစ်နေ့လျှင် ဝင်ရောက်လာသော မန်ကျည်းမှည့်အသစ်များကို ဒေသအတွင်းနှင့် သဲကုန်း မြို
ပြည်ဈေးကွက်အတွင်း ယခုအပတ်တွင် ဆီထွက်သီးနှံဖြစ်သော မြေပဲဆန်ဈေးများ ပြန်လည် မြင့်တက်လာခဲ့ပါသည်။ မန္တလေးဝယ်လက်များက လုံးဆန် (အနီ)ကို ဝယ်ယူမှုရှိခြင်း၊ မြို့တွင်း ပဲလှော်ဖိုသမားများက ဝယ်ယူမှုရှိခြင်းတို့ကြောင့် ဈေးမြင့်တက်လာသလို လုံးဆန် (အဖြူ)ကို မြဝတီ ဝယ်လက်များ ဝယ်ယူမှုရှိပြီး၊ ဆီဆန်ကို ဆီစက်သမားများက အဝယ်ရှိသဖြင့် ဈေးများပြန် လည်မြင့်တက်လာခဲ့ပါသည်။ မြေပဲဆန်ဈေးများမှာ ယခုနှစ်စနှင့် ယခင်နှစ်ကုန် ဈေးနှုန်းနှိုင်းယှဉ် ပါက ယခုနှစ်စတွင် ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ စိုက်ဧကအနေဖြင့် ယခင
မြန်မာလူမျိုးအများစုမှာ ထမင်းစားပြီးလျှင် အချိုစားချင်သည့် လူမျိုးများဖြစ်ရာ လူကြီးအများ စုမှာ ထန်းလျက်၊ ကြံသကာကဲ့သို့သော အချိုများကို စားသုံးလေ့ရှိကြပါသည်။ ထန်းလျက် ၊ ကြံသကာ များသည် ရှေးအစဉ်အဆက် မိရိုးဖလာ ပြည်တွင်းဖြစ် ထုတ်ကုန်တစ်မျိုးလည်းဖြစ်ပါသည်။