တောင်ငူမြို့မှ နာနတ်သီးဈေးကွက်

Powered by Drupal

  တောင်ငူမြို့ ဈေးများသို့ ဒေသထွက် နှင့် အခြားအရပ်ဒေသများမှ ရာသီပေါ် ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံများ လာရောက်ရောင်းချလျက်ရှိရာ ယခုအခါ ရှမ်းပြည်နယ်၊ သီပေါမြို့ နှင့် နမ့်ဆန်မြို့မှ ပျားရည်သီးနှင့် ကျောက်စိမ်းသီး အမည်ရှိသော နာနတ်သီးများ လာရောက် ရောင်းချလျက်ရှိသည်။ တောင်ငူမြို့သို့  (၁၂)ဘီးယာဉ် (သို့မဟုတ်) (၁၀)ဘီးယာဉ်များဖြင့် သယ်ယူပြီး ကားတစ်စီးတွင် အလုံးပေါင်း (၅၀၀၀ မှ ၅၅၀၀)ခန့်ပါဝင်သည်ဟု ရောင်းချသူများထံမှ သိရသည်။ နာနတ်သီးသည် စရိတ်အကုန်အကျနည်းပါးပြီး စိုက်ပျိုးနိုင်သော အသီးလည်းဖြစ်ပါသည်။

  နာနတ်သီးကို ဆိုင်တွင် အထိုင်ဖြစ်လည်းကောင်း၊ မော်တော်ယာဉ်ငယ်များ ဖြင့်လည်းကောင်း လှည့်လည်ရောင်းချလျက်ရှိသည်။ နာနတ်သီးကို သရေစာအဖြစ်အများဆုံး စားသုံးကြပြီး၊ ဖျော်ရည် အဖြစ် လည်းကောင်း၊ ဟင်းချက် စားခြင်းဖြင့်လည်း စားသုံးနိုင်သည်။

     ကျောက်စိမ်းနာနတ်သီးတစ်လုံးလျှင် ၁၅၀၀ မှ ၂၀၀၀ ကျပ်ဖြစ်ပြီး ပျားရည်နာနတ်သီး တစ်လုံးလျှင် ၂၀၀၀ မှ ၂၅၀၀ ကျပ်အထိ ရောင်းချလျက်ရှိရာ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် လူကြိုက် များ၍ ရောင်းအား ကောင်းကြောင်း နာနတ်သီးရောင်းချသူများထံမှ သိရပါသည်။

DOCA(ပဲခူး)