ကုန်သွယ်မှုသတင်းများ

Powered by Drupal
16 Jan 2023

      မြန်မာတစ်နိုင်ငံလုံးတွင် ဒေသတွင်းအစားအစာတစ်ခုဖြစ်သည့် ရေဥအား ရွှေတောင်မြို့တွင်သာ တွေ့ရှိရပါသည်။ ရေဥမှာ အစိမ်းရောင်ရှိ၍ ရေသန့်မှာသာပေါက်ပြီး တစ်ရာသီထဲသာ ပေါ်ပေါက်လာသည့် သဘာဝ၏လက်ဆောင်ဖြစ်ပါသည်။ ရေဥကို ဈေးထဲတွင် တောင်းကြီးများထဲတွင် ထည့်ပြီး နို့ဆီဘူး (သို့) ပြည်တောင်းများဖြင့် ရောင်းချနေကြောင်းသိရှိရပါသည်။ နို့ဆီဘူး(၁)ဘူးလျှင် ၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်းတွေ့ရှိရပါသည်။ ရေဥကို ချက်ပြုတ်စားသောက်ရာတွင် ပထမဦးစွာ ရေဥများအား ရေထဲတွင်ထည့်ပြီး ရေစစ်ဇကာလေးဖြင့် ဆယ်ယူပြ

16 Jan 2023

  စွန်တာနီ၊ စွန်တာပြာ ပဲကို မိုးနှောင်းကာလနှင့် ဆောင်းရာသီအစောပိုင်းတွင် စိုက်ပျိုးကြ ပါသည်။ စွန်တာနီ/ စွန်တာပြာပဲများသည် မျိုးရိုးဗီဇအားဖြင့် ပဲတစ်မျိုးတည်း ဖြစ်သော်လည်း ပဲ၏ အရောင်အနည်းငယ် ကွဲပြားမှုကြောင့် အနီရင့်ရောင်ရှိသောပဲများကို စွန်တာနီဟုခေါ်ပြီး နီညိုရောင်တွင် ပြာလဲ့ရောင်သမ်းလျက်ရှိသော ပဲကို စွန်တာပြာဟု ခေါ်တာဖြစ်ပါကြောင်း၊ စွန်တာပြာမျိုးစိတ် တစ်ခုဖြစ်သည့် ဒေသအခေါ် ပဲဇီးကွက်များ နိုင်ငံခြားပို့ကုန်သစ်အနေဖြင့် တွင်ကျယ်လာကြောင်း လေ့လာသိရှိရပါသည်။

16 Jan 2023

              စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် တင်ပြလျက်ရှိပါသည်။

16 Jan 2023

         ပြည်ခရိုင်တွင် ငှက်ပျောပင်များကို စီးပွားဖြစ် စိုက်ပျိုးကြပါသည်။ ငှက်ပျောသီးမှာ ကျန်းမာရေးအရ သင့်တော်သလို လူကြိုက်လည်းများသဖြင့် အများအပြားစိုက်ပျိုးကြပါသည်။ ပြည်ခရိုင်အနေဖြင့် ငှက်ပျောစိုက်ဧကမှာ ၂၀၂၈ ဧကရှိပြီး ပြည်မြို့နယ်တွင် ၇၅၅ဧက၊ ပေါက်ခေါင်း မြို့နယ်တွင် ၃၉၂ဧက၊ ပန်းတောင်းမြို့နယ်တွင် ၇၂၈ဧကနှင့် ရွှေတောင်မြို့နယ်တွင် ၁၅၃ဧက စိုက်ပျိုးကြပါသည်။

16 Jan 2023

       ယခုလတ်တလောတွင် ဘေထုပ်အထည် (Thrift) များကို Online မှတဆင့် ရောင်းနေကြပြီး ဝယ်ယူသူများအနေဖြင့်လည်း သဘောကျနှစ်သက်နေကြောင်း တွေ့ရှိလာရပါသည်။ ဘေထုပ်ဆိုင်များသည်  ကိုလိုနီခေတ်နှောင်းပိုင်းကတည်းက တည်ရှိနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ဘေထုပ်အထည်တည်ရှိလာသည်မှာ ရာစုနှစ်တစ်စုကျော်ခဲ့ပြီဖြစ်ပါသည်။ ယခုလက်ရှိတွင် အားလုံးနီးပါးသည် Covid-19 ကမ္ဘာ့ကပ်ရောဂါကြောင့် Online Shopping ခေတ်စားလာမှုနှင့်အတူ ဘေထုပ်ဝတ်ခြင်း/ဝယ်ခြင်းကိုရှက်စရာဟုမမြင်ဘဲ လက်ခံလာကြပါသည်။

Pages