ကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Dec 2022

       မြို့သစ်မြို့နယ်ရှိ တလင်းကုန်း၊ စည်သာ၊ မကျီးကုန်းကြီးကျေးရွာ အစရှိသည့် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသောဆီးသီးအစို/အခြောက်များမှာ ဒီဇင်ဘာလပထမပတ်မှစတင်၍ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ သဘာဝအလျောက် ပေါက်ရောက်နေသောဆီးပင်များမှ အချဉ်ဓါတ်ရှိသောဆီးသီးကို ဆီးယိုအဖြစ်လည်းကောင်း၊ ဆီးချိုပင်များဖြင့်ကာရံ၍ ဆီးခြံများအဖြစ် စိုက်ပျိုးလျက်ရှိပါသည်။

27 Dec 2022

      ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတကုန်စည်ဒိုင်တွင် ဒီဇင်ဘာလ ၁၃ ရက်မှစ၍ မတ်ပဲအသစ်များ ဈေးကွက်ဝင်ရောက်လာပြီး မတ်ပဲအသစ် တစ်တင်းလျှင် ၆၀၀၀၀ ကျပ်၊ အဟောင်းတစ်တင်းလျှင် ၅၉၅၀၀ ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုနှစ် ဟင်္သာတခရိုင်တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ကျော်လွန်ခြင်းမရှိသဖြင့် မြေနုကျွန်းများ ရေနစ်မြုပ်မှုမရှိသည့်အတွက် ဇူလိုင်လကုန်ကပင် ကိုင်းသီနှံများ စိုက်ပျိုးကြာရာ မြေနုကျွန်းရှိသော ဟင်္သာတ၊ ဇလွန်၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်းမြို့နယ်များမှ မတ်ပဲအသစ်များ ဒီဇင

27 Dec 2022

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၁၄-၁၂-၂၀၂၂) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပွင့်ဖြူမြို့အနောက်ပိုင်းရပ်ကွက်အတွင်းရှိ “နေလကွာစေ့” လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ခင်အေးဝင်း၏လုပ်ငန်းခွင်သို့ သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။

27 Dec 2022

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် ဩဂုတ်လရွာသွန်းမိုးဖြင့် စက်တင်ဘာလတွင် စိုက်ပျိုးသော (မိုးစိုက်)(ဥစိုက်)ကြက်သွန်နီများာကိုး ဒီဇင်ဘာလဆန်းတွင် တူးဖော်၍ (၁)ရက်လျှင် ကုန်ချိန်(၃၀၀၀ မှ ၁၀၀၀၀) အထိ ကြက်သွန်နီပွဲရုံများနှင့် ဈေးတန်းများတွင် နေ့စဉ်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်နေကြောင်း၊ မိုးကြက်သွန်နီ(အသစ်)ပေါ်စရာသီဖြစ်၍ ဈေးကွက်အတွင်းသို့ ကုန်ချိန်အဝင်နည်းနေသေးသော်လည်း ဇန်နဝါရီလတွင် (ဥစိုက်)ကြက်သွန်နီများ လှိုင်လှိုင်တူးဖော်ရမည်ဖြစ်၍ ကုန်ချိန်အဝင်များလာမည

27 Dec 2022

       ကယားပြည်နယ်တွင် ကုန်စည်ရောင်းဝယ်မှုများ ပုံမှန်လည်ပတ်လျက်ရှိလာသဖြင့် အခြားဒေသများမှ ပြည်နယ်အတွင်းသို့  အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ သံ၊ သွပ် စသည်တို့ကို တင်သွင်းလာခဲ့ ကြသည်။ ဒီဇင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းများမှာ Apache တစ်အိတ်လျှင် (၈၇၀၀)ကျပ်၊ KBZ တစ်အိတ်လျှင် (၈၆၀၀)ကျပ်နှင့် Dragon တစ်အိတ်လျှင် (၈၆၀၀) ကျပ်ဖြစ်ပြီး ယခင်ဒုတိယတစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် Apache တစ်အိတ်လျှင် (၃၀၀)ကျပ်၊ KBZ တစ်အိတ်လျှင် (၃၀၀)ကျပ်နှင့် Drago

Pages