
တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စု၊ ကျေးတောကျေးရွာတွင် မိုးစပါးစိုက်ခင်း များ အောင်မြင်ဖြစ်ထွန်းလျှက်ရှိပါသည်။ တစ်ဧကလျှင် ထယ်ထိုးခ ၈၀၀၀၀ ကျပ်၊ ထွန်ယက်ခ ၈၀၀၀၀ ကျပ်၊ စက်တုံး ရိုက်ခ ၄၀၀၀၀ ကျပ် ကုန်ကျပါသည်။ မျိုးစပါးကြဲခမှာ တစ်တင်းလျှင် ၄၀၀၀ ကျပ် ဖြစ်ပါသည်။ စပါးတစ်ဧကလျှင် မျိုး (၂)တင်းကြဲရသဖြင့် မျိုးစပါးကြဲခမှာ တစ်ဧကလျှင် ၈၀၀၀ ကျပ် ဖြစ်ပါသည်။
ပျိုးထောင်ပြီးရက် ၃၀ ခန့်အကြာတွင် စိုက်ရပါသည်။ ယခင်နှစ်က ပျိုးနှုတ်ခမှာ တစ်ဧက လျှင် ၁၂၅၀၀၀ ကျပ်၊ ပျိုးသယ်ခ တစ်ဧကလျှင် ၅၀၀၀၀ ကျပ်နှင့် ကောက်စိုက်ခ တစ်ဧကလျှင် ၁၅၀၀၀၀ ကျပ်ခန့်ရှိပါသည်။ ယခုနှစ်တွင် ကောက်စိုက်ခ တစ်ဧကလျှင် ၁၈၀၀၀၀ ကျပ်ခန့်ရှိနိုင် ပါ သည်။
သွင်းအားစုအနေဖြင့် တစ်ဧကလျှင် ပုလဲဓါတ်မြေဩဇာတစ်အိတ်၊ ၁၅ ပတ်လည် ဓါတ်မြေဩဇာ တစ်အိတ်တို့ကို သုံးကြိမ်ခွဲ၍ ပက်ဖျန်းပေးရပါသည်။ သန္ဓေဖျက်ဆေး ၅ လီတာ ပက်ဖျန်း ပေးရပါသည်။ ရေစပ်စပ်နှင့် ရေအိုင်သည့် နေရာများတွင် ခရုဆေးကိုဖျန်းပေးရပါသည်။ သွင်းအားစု အတွက် ခန့်မှန်းကုန်ကျစရိတ်မှာ တစ်ဧကလျှင် ၃၀၀၀၀၀ ကျပ်ခန့်ရှိပါသည်။
ယခုအခါတွင် မျိုးစပါးခင်းများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိနေရှိရာ မကြာမီတွင် စိုက်ပျိုး နိုင်တော့မည် ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် မိုးဦးကောင်းသဖြင့် စပါးခင်းများအောင်မြင် ဖြစ်ထွန်းကြောင်း ကျေးတောကျေးရွာမှ တောင်သူလယ်သမားကြီး ဦးစိုးမြင့်၏ ပြောပြချက်အရ သိရပါသည်။
DOCA(ပဲခူး)