ကုန်သွယ်မှုသတင်းများ
သကြားကို ရိုးရာမုန့်လုပ်ငန်းများနှင့် အခြားမုန့်ပဲသရေစာလုပ်ငန်းများတွင် မပါမဖြစ် အသုံးပြုကြပါသည်။ သကြားကိုတောင်ကြီး၊ ရန်ကုန်မြို့ကြီးများမှတင်သွင်းပြီး လက်လီ၊လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ ယခုဒီဇင်ဘာလ ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော သကြားဈေးနှုန်းမှာ သကြားအညိုတစ်ပိဿာလျှင်(၂၈၀၀)ကျပ်ခန့်ရှိပြီး ယခင်နိုဝင်ဘာလအတွင်း သကြားအညိုတစ်ပိဿာဈေးနှုန်းမှာ(၃၀၀၀)ကျပ်ခန့်ရှိခဲ့၍ ယခင်လနှင့် ယခုလ ဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် သကြားညိုတစ်ပိဿာလျှင်(၂၀၀)ကျပ်ခန့် ဈေးနှုန်းအနည်းငယ် ကျဆင်းလာ
ကယားပြည်နယ်တွင် ပြောင်းကိုအဓိကစိုက်ပျိုးပြီး အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်း (၂)မျိုးစလုံးစိုက်ပျိုးကြပါသည်။ ဖူးစားပြောင်းတွင် ရှမ်းပြောင်းဖူးနှင့် သကြားပြောင်းဖူးဟူ၍ ရှိပါသည်။ အစေ့ထုတ်ပြောင်းကို မိုးရာသီနှင့် ဆောင်းရာသီတွင်စိုက်ပျိုးကြပြီး ဖူးစားပြောင်းများကို (၁၂) ရာသီ စိုက်ပျိုးကြပြီး (၃)လကြာလျှင် ဈေးကွက်သို့ ရောင်းချနိုင်၍ ငွေပေါ်လွယ်သောသီးနှံဖြစ်ပါသည်။ ရှမ်းပြောင်းဖူးနှင့် သကြားပြောင်းဖူးကို လွိုင်ကော်မြို့နယ် မှုံပြာ၊ လင်ဖုံလေး၊ လွိုင်လင်လေး၊ လောပိတကျေးရွာမျ
စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးကို လွိုင်ကော်မြို့နယ် မှုံပြာကျေးရွာ၊ လင်ဖုံလေးကျေးရွာနှင့်ရေနီကန်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီးထွက်ရှိသော ငရုတ်သီးစိမ်း ကိုဒေသ၌ ဈေးကွက်တွင်ဖြန့်ဖြူးရောင်းချကြကြောင်း၊ ဒေသခံလူမျိုးများမှာလည်း ဒေသရိုးရာ အစားအသောက်များ ဟင်းလျာများတွင် မရှိမဖြစ်နှစ်ခြိုက်စွာ အသုံးပြုကြသည်။ ယခုလက်ရှိ ဒီဇင်ဘာလတတိယပတ်တွင် ငရုတ်သီးစိမ်းတစ်ပိဿာလျှင်(၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ဒီဇင်ဘာလဒုတိယအပတ်တွင် ငရုတ်သီးစိမ်းတစ်ပိဿာလျှင်(၅၅၀၀)
ကယားပြည်နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံကိုလည်း စိုက်ပျိုးလာကြပါသည်။ ၂၀၂၂ ခုနှစ်၊ နေကြာ(မိုး)စိုက်ဧကမှာ (၉၄၄) ဧက၊ ရိတ်ဧကအနေဖြင့် အကုန်ရိတ်သိမ်းခဲ့ပြီး တစ်ဧကအထွက်နှုန်းမှာ (၃၀.၄၉) တင်း နှင့် စုစုပေါင်းအထွက်မှာ (၂၈၇၈၂) တင်းဖြစ်ကြောင်း၊ ယခင်နှစ်နှင့် နှိုင်းယှဉ်ကြည့်လျှင် (၂၅၅)ဧကခန့် ပိုမိုစိုက်ပျိုးလာခဲ့ကြောင်း တွေ့ရှိရပါသည်။ ကယားပြည်နယ်အတွင်း စိုက်ပျိုးသောနေကြာများကို ပြည်နယ်အတွင်း ကြိတ်ခွဲစားသုံးကြပါသည်။
မြင်းခြံခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာတွင် မိုးနှမ်းစိုက်ဧက(၂၂၆၃၉၆)ဧက စိုက်ပျိုးခဲ့ပြီး၊ စိုက်ဧက အားလုံးရိတ်သိမ်းနိုင်ခဲ့ပါသည်။ တစ်ဧကပျှမ်းမျှအထွက်နှုန်းအနေဖြင့် (၃.၀၉) တင်းနှုန်းဖြင့် တင်းပေါင်း (၆၉၉၅၆၄)တင်း ထွက်ရှိခဲ့ပါသည်။ မြို့နယ်အလိုက်စိုက်ပျိုးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင် (၅၆၀၄)ဧက၊ ရိတ်သိမ်းဧက(၅၆၀၄)ဧက၊ အထွက်တင်းပေါင်းမှာ(၂၈၆၃၆)တင်းဖြစ်ပြီး၊ တောင်သာမြို့နယ်၏ စိုက်ဧကမှာ (၄၆၄၃၈)ဧက၊ ရိတ်သိမ်းဧက(၄၆၄၃၈)ဧက၊ အထွက်တင်း ပေါင်းမှာ (၂၀၄၃၂၇)တင်း၊ နွားထိုးကြီးမြို့နယ်တွင် (