ကုန်သွယ်မှုသတင်းများ
ရုက္ခဗေဒမျိုးစုအမည်အရ “ဖရာဂေးရီးယား” ဟုခေါ်သောစတော်ဘယ်ရီပင်များသည် အေးမြသောရာသီဥတုကို အထူးနှစ်သက်ပြီး မြေပေါ်တွင်ကပ်၍ပေါက်သော မြေလျှောက်ပင်အမျိုးအစား ဖြစ်ပါသည်။ မူရင်းစိုက်ပျိုးပေါက်ရောက်ရာဒေသမှာ မြောက်အမေရကတိုက်ဟုလေ့လာသိရှိရပြီး သမပိုင်းဇုန်၌လည်းကောင်း၊ အပူပိုင်းဇုန်အတွင်းရှိ တောင်ကုန်းဒေသများ၌လည်းကောင်း၊ စိုစွတ်သောမြေမျိုးနှင့် ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၃၀၀၀မှ ၆၀၀၀အတွင်းရှိ မြေမျိုး၌လည်းကောင်း ပေါက်ရောက်နိုင်ကြောင်း သိရှိရပါသည်။
လိမ္မော်သီးသည် အေးမြသောရာသီဥတုတွင် အောင်မြင်ဖြစ်ထွန်းသည့်အတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ နောင်မွန်ကျေးရွာ၊ သီပေါမြို့နယ် (ကုန်းသာကျေးရွာ)နှင့် နမ့်လန်မြို့များ၌ လိမ္မော်သီးများကို အများအပြား စိုက်ပျိုးထားလျက်ရှိကြောင်း သိရှိရပါသည်။ ဒေသသီး၊ ပျားလိမ္မော်သီးနှင့် ကဗ္ဗလာလိမ္မော်သီးမျိုးများကို စီးပွားဖြစ်စိုက်ပျိုးကြပြီး နှစ်စဉ်ဝင်ငွေရရှိလျက်ရှိကြောင်း သိရှိရပါသည်။ ၎င်းဒေသများမှ ထွက်ရှိသည့် လိမ္မော်သီးများကို လားရှိုးမြို့မဈေးကြီး၊ လားရှိုးကြီးဈေးနှင့် ဘူတာဈေးကြီး
နှမ်းသည် ရှေးယခင်ထဲကပင် မြန်မာ(အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်နှင့် အာဖရိကတို့တွင် ဆီထွက်သီးနှံအဖြစ် တွင်ကျယ်စွာ စိုက်ပျိုးခဲ့သော သီးနှံတစ်မျိုးဖြစ်ကြောင်းသိရှိရပါသည်။ မြန်မာနိုင်ငံတွင် နှမ်းကို နွေနှမ်း၊ မိုးနှမ်း၊ ဆောင်းနှမ်း(မိုးနှောင်းနှမ်း) စသဖြင့် တစ်နှစ်လျှင် သုံးကြိမ်စိုက်ပျိုးလေ့ရှိကြောင်း သိရှိရပါသည်။ နှမ်းသည် နေကြာ၊ ပဲတီစိမ်း၊ ဝါကဲ့သို့ ရွက်ပြန့်ပင်ဖြစ်ပြီး မြေ နှင့် အစိုဓါတ်ပေါ်မူတည်ကာ အပင်အမြင့် ၄ ပေ မှ ၆ ပေအထိမြင့်နိုင်ပြီး အပူပိုင်း ဒေသတွင် ၃ ပေ မှ ၅ ပေ
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး(သိင်္ဂီ) တစ်ပြည် ၄၅၀၀ကျပ်၊ ဧည့်မထဆန် တစ်ပြည် ၂၅၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များအနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၃၅၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၅၀၀၀ကျပ်၊ (ရှမ်းစ)တစ်ပိဿာ ၆၅၀၀ကျပ်၊ ငရုတ်သီးခြောက် (ရှည်)တစ်ပိဿာ ၂၀၀၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၂၃၀၀ကျပ်၊ အာလူး တစ်ပိဿာ ၃၀၀၀ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၂၅

ပဲမျိုးစုံဈေးကွက်တွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံသီးနှံများ စသည့် ပဲသစ်များဖြင့် နေ့စဉ်ရောင်းဝယ်မှုရှိသကဲ့သို့ ပဲကြီးသီးနှံမှာ ပဲသစ်ဝင်ရောက်လာခြင်းမရှိသော်လည်း လက်ကျန်လှောင်ပဲများဖြင့် ပဲလှော်ဖို၊ ပဲကြော်ဖိုလုပ်ငန်းသမားများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ တစ်ရက်လျှင် အိတ် ၁၅၀ ကျော်မှ အိတ် ၂၀၀ အထိရောင်းချမှုရှိနေပြီး ပဲဈေးနှုန်းများအနေဖြင့် ဈေးနှုန်းများမြင့်တက်လျက်ရှိသောကြောင့် ရွှေကျွန်းအမျိုးအစားမှာ တစ်တင်းလျှင် ၉၀၀၀၀ ကျပ်၊ ကမ်းနားပဲအမျိုးအစားမှာ တစ်တင်းလျှင် ၈၅၀၀
