စားအုန်းဆီရောင်းချသည့်ဆိုင်များအား အဖွဲ့စုံဖြင့်ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်စီမံချက်များပြည့်မီအောင် ဆောင်ရွက်လျက် ရှိပြီးလိုအပ်ပါက အထူးဈေးကွက်စောင့်ကြည့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၇.၆.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ရွှေဘိုမြို့နယ်တာဝန်ခံ သည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်း၍ ရွှေဘိုမြို့ရှိ စားအုန်းဆီလက်ကားရောင်းချသည့်ဆိုင်(၇)ဆိုင်အား အထူးဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါ သည်။

ထိုသို့အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားအုန်းဆီ လက်ကားဖြန့်ဖြူးရောင်းချသူများ အနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် ၂ ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက် အတွင်းသို့ ပြန်လည်ဖြန့်ဖြုးရောင်းချရမည်ဖြစ်ပြီး လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့်ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက် တိုင်းဒေသကြီး/ပြည်နယ် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ ကွင်းဆင်း ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ စားအုန်းဆီ လက်လီ၊ လက်ကား အရောင်းဆိုင်လုပ်ငန်းရှင်များ အနေဖြင့် အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိသည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို သိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၏ Website၊ Facebook Pageနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Pageတို့တွင် ဝင်ရောက်ကြည့်ရှု့နိုင်သည့်အကြောင်းများနှင့် စားအုန်းဆီရောင်းချသည့်ဈေးနှုန်းများ၊ အလေးအချင်အတွယ်များ စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိ ပါသည်။

Doca(စစ်ကိုင်း)