မြန်မာ့ရိုးရာအစားအစာဖြစ်သည့် မုန့်ပြားသလက်နှင့် မုန့်ရေပါး

Powered by Drupal

မြန်မာ့ရိုးရာအစားအစာဖြစ်သည့် မုန့်ပြားသလက်နှင့်မုန့်ရေပါးသည် လူမျိုးမရွေး/ဘာသာ မရွေး စားသုံးကြသည့်အစားအစာဖြစ်သလို ဆန်ကိုအခြေခံပြီးပြုလုပ်သည့်အတွက် ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးဉပါဒ်အန္တရာယ်ကင်းရှင်း၍ လူတိုင်းကြိုက်သည့် အစားအစာဖြစ်ပေသည်။ မုန့်ပြား သလက်နှင့်မုန့်ရေပါးကို အစာပြေစာအဖြစ်စားသုံးကြရာ မုန့်ပြားသလက်တွင် အဖြူနှင့်အနီရှိပြီး၊ မုန့်ရေပါးတွင် အလွတ်နှင့်  ကြက်ဉမုန့်ရေပါးဟူ၍ အမျိုးမျိုးရှိပါသည်။ မုန့်ပြားသလက်အနီမှာ ထန်း လျက်ရည်နှင့်ပြုလုပ်ပြီး အဖြူမှာ စားတော်ပဲ၊ ခရမ်းချဉ်သီး တို့ပါဝင်ပါသည်။ မုန့်ရေပါးအလွတ်မှာ ခရမ်းချဉ်သီး၊ စားတော်ပဲ၊ ပဲညှောင့်ပေါက်၊ မဆလာတို့ပါဝင်ပြီး၊ ကြက်ဉမုန့်ရေပါးမှာ ကြက်ဉပါဝင်ပြီး ကျန်သည့် အစာများပါဝင်ပါသည်။

          မုန့်ပြားသလက် အဖြူနှင့်အနီ ဈေးနှုန်းမှာ (၁)ခုလျှင် (၃ဝဝိ/-)ကျပ်၊ မုန့်ရေပါးအလွတ်ဈေး နှုန်းမှာ (၁)ခုလျှင် (၁၂၀ဝိ/-)ကျပ်၊ ကြက်ဉမုန့်ရေပါး(၁)ခုမှာ (၁၇၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

Doca(စစ်ကိုင်း)