ကုန်သွယ်မှုသတင်းများ
ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်ရှိ အခြေခံစားကုန်ဖြစ်သော ကြက်ဥကို မြို့နယ်အတွင်း ကြက်ဥခြံများရှိသော်လည်း စားသုံးသူများ၏လိုအပ်ချက်အရ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှ အများဆုံး တင်သွင်းလျက်ရှိကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ဆီထွက်သီးနှံဆောင်းနေကြာကို (၁၁၇၅၈) ဧကလျာထားပြီး ဒီဇင်ဘာလ ဒုတိယပတ်အထိ စိုက်ပျိုးပြီးစီးမှု သီးသန့်စိုက်ဧက(၁၃၃၁)ဧကနှင့် သီးညှပ်စိုက်ဧက (၄၃၀၉)ဧက စုစုပေါင်းစိုက်ပျိုးပြီးဧက (၅၇၄၀)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရပါသည်။
ပြည်ဈေးကွက်သို့ ဆောင်းနှမ်းသစ်များ ယခုဒီဇင်ဘာလဒုတိယပတ်တွင် ဝင်ရောက်မှုများ လာခဲ့ပါသည်။ ပေါက်ခေါင်း၊ မြန်အောင်၊ မင်းတုန်းနှင့် ကံမဘက်မှ နေ့စဉ် တစ်နေ့လျှင်အိတ် ၆၀၀/၇၀၀ခန့် ဝင်ရောက်လာပြီး ဝင်သလောက်အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေး ဝယ်လက်များက နှမ်းနက်ကို ဝယ်ယူမှုရှိသလို၊ နှမ်းနီကို မြို့တွင်းဆီစက်သမားများ ဆီကြိတ်ရန် ဝယ်ယူမှုရှိသဖြင့် အရောင်းအဝယ်သွက်လျှက်ရှိပါသည်။ အချို့ဆီစက်သမားများက နှမ်းနက်ကို ဆီကြိတ်ရန် ဝယ်ယူမှုရှိသဖြင့် ပြည်မြို့အနီးတဝိုက်ကျေးရွာများတွင် နှ
ပြည်ကုန်စည်ဒိုင်တွင် ဒီဇင်ဘာပထမပတ်တွင် ပဲမျိုးစုံဈေးကျဆင်းခဲ့ရာမှ ဒုတိယပတ်တွင် ဈေးပြန်တက်လာကြောင်း သိရှိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွ