ကုန်သွယ်မှုသတင်းများ

Powered by Drupal
23 Dec 2022

      ပြည်ဈေးကွက်သို့ ကြက်သွန်နီအသစ်များသာ ဝင်ရောက်မှုရှိနေပြီး ကြက်သွန်နီအဟောင်းမှာ ဝင်ရောက်မှုမရှိတော့ဘဲ ကျန်ရှိနေသေးသည့် လက်ကျန်အဟောင်းများဖြင့်သာ ရောင်းဝယ်မှုရှိနေပါသည်။ ပွဲရုံများသို့ ရေနံချောင်း၊ ကျောက်ပန်းတောင်းနှင့် မြင်းခြံဘက်တို့မှ ကြက်သွန်နီအသစ်များ (၂၅)ပိဿာဝင် အိတ် ၄၀၀/၅၀၀ခန့် ရက်ခြားအဝင်ရှိနေပါသည်။ ဈေးကွက်အတွင်း ကြက်သွန်နီ အသစ်ရော အဟောင်းပါ ဒေသတွင်းဝယ်လက်များ၊ အိတ်ဆွဲဝယ်ရောင်းသမားများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး နယ်ကျော်စီးဆင်းမှုအဖြစ် သာယာဝတီခရိုင်၊ မြန်အောင်၊

23 Dec 2022

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကြံအများဆုံးစိုက်ပျိုးပြီး ထွက်ရှိလာသည့် ကြံများကို အင်ငါးခွသကြားစက်နှင့် (နဝဒေး) မြရွာသကြားစက်တို့မှ ဝယ်ယူကြောင်း သိရှိရပါသည်။ သကြားဈေးတက်သည့် အချိန်ဖြစ်သည့်အတွက် ကြံစိုက်တောင်သူများ ကြံပေါ်ချိန်တွင် တက်ဈေးမျှော်နေကြကြောင်း သိရှိရပါသည်။ ယခင်နှစ်က ကြံတစ်တန်ကို ၅၄၀၀၀ ကျပ် ဈေးရှိပြီး၊ ယခုနှစ်တွင် ကြံတစ်တန်ကို ၇၅၀၀၀ကျပ်ဈေးဖြင့် ယခုနှစ်တွင် ကြံဈေးများ မြင့်တက်လာခဲ့ပါသည်။ သကြားဈေးနှုန်းအနေဖြင့် ပြည်ဈေးကွက်တွင် အောက

23 Dec 2022

     ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ်၊ တောင်ကြီးနှင့် အောင်ပန်းမှ ကြက်သွန်ဖြူ(ရှမ်းစ)များ ယခင်အပတ်များက နေ့စဉ်အဝင်ရှိခဲ့သော်လည်း ယခုအပတ်တွင် ရက်ခြားသာအဝင်ရှိခဲ့ပြီး (ကြူကုတ်)များလည်း မန္တလေးမှ ရက်ခြားသာအဝင်ရှိနေပြီး အဝင်နည်းနေကြောင်း၊ တစ်ပတ်လျှင် ရှမ်းစ ပိဿာချိန် ၃၀၀ခန့်နှင့် ကြူကုတ် ပိဿာချိန် ၄၀၀၀ခန့် စုစုပေါင်းပိဿာချိန် ၇၀၀ခန့် အဝင်ရှိကြောင်း သိရှိရပါသည်။ အရောင်းအဝယ်အနေဖြင့် ဒေသတွင်းလုပ်ငန်းရှင်များ ခရိုင်အတွင်းရှိ မြို့နယ်များနှင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ဈေးနှုန်

23 Dec 2022

      ပြည်ဈေးကွက်၏ အာလူးဈေးအနေဖြင့် နိုဝင်ဘာနောက်ဆုံးပတ်တွင် လက်ကား(ပွဲရုံ)ဈေး တစ်ပိဿာလျှင် ကျပ် ၁၈၀၀-၂၀၀၀-၂၂၀၀၊ လက်လီဈေး ကျပ် ၂၄၀၀-၂၈၀၀ ဈေးဖြင့် အရောင်း အဝယ် ပုံမှန်ရှိခဲ့ပြီး ယခုဒီဇင်ဘာလဆန်းမှစ၍ ယခုပတ်ထိ လက်ကား (ပွဲရုံ)ဈေးတစ်ပိဿာလျှင် ကျပ် ၂၄၀၀ - ၂၆၀၀၊ လက်လီဈေး ကျပ် ၂၈၀၀-၃၀၀၀ ဈေးအနည်းငယ်မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။  ပြည်ဈေးကွက်သို့ ရှမ်းအာလူးများ အဝင်နည်းလာခြင်းကြောင့်ဖြစ်ပြီး မန္တလေးဘက်မှ တရုတ်အာလူးဖြင့်သာ အရောင်းအဝယ်ဖြစ်နေ၍ မန္တလေးဘက်မှ တရုတ်အာလူးများ နေ့စဉ် ပိဿာချိ

23 Dec 2022

        ပြည်မြို့တွင် နနွင်းတက်များကို ကျောက်ဆည်၊ ဟင်္သာတ၊ မင်းတုန်းမြို့တို့မှ ရာသီပေါ်စအချိန်တွင် သိုလှောင်ရန် ဝယ်ယူထားရှိပြီး လေလုံသောအိတ်များဖြင့် ထုတ်ပိုးသိုလှောင် သိမ်းဆည်းထားကာ ဈေးကွက်အတွင်း လက်လီ၊ လက်ကားဈေးနှုန်းများဖြင့် ရောင်းချနေခြင်းဖြစ်ပါသည်။ လက်ရှိ ပြည်ဈေးကွက်တွင် ရောင်းချလျက်ရှိသော နနွင်းဈေးနှုန်းများမှာ အတက်ကြီး အလုံးချော တစ်ပိဿာ ၅၀၀၀ကျပ်၊ အတက်သေးတစ်ပိဿာလျှင် ၃၅၀၀ကျပ်နှုန်းဖြင့် ပုံမှန်ဈေးဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။ နယ်မြို့များသို့လည်း နနွင်းတက်အတိ

Pages