ကုန်သွယ်မှုသတင်းများ
ဒီဇင်ဘာလ ဒုတိယပတ်တွင် ဆောင်းမြေပဲများ နယ်စုံတွင် စတင်ထွက်ပေါ်နေသဖြင့် ပြည်ဈေးကွက်ရှိ ပွဲရုံများသို့ လာရောက်ရောင်းချလျက်ရှိပါသည်။ နယ်စုံမှဝင်ရောက်လာသော မြေပဲဆန်များကို ပြည်ဈေးကွက်မှတစ်ဆင့် ဝယ်လက်များက ဝယ်ယူမှုရှိသဖြင့် အရောင်းအဝယ် ပုံမှန်ဖြစ်လျက်ရှိပါသည်။ ယခုအပတ်တွင် ပြည်ဈေးကွက်သို့ နယ်စုံမှ တစ်နေ့လျှင် မြေပဲဆန်အိတ် ၁၄၀၀/၁၅၀၀ခန့် ဝင်ရောက်လာခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် မြေပဲဆန် လုံးဆန် (အနီ)ကို မန္တလေးဝယ်လက်များက အဝယ်ရှိပြီး ဆီစက်များကဆီကြိတ်မြေပဲဆန်ကို ဝယ်ယူမ
ယခုဒီဇင်ဘာလ ဒုတိယပတ်တွင် ပြည်ခရိုင် မိုးစပါးဈေးကွက်အနေဖြင့် ပြည်မြို့နယ်တွင် ၇၄၆၄၂ဧက စိုက်ပျိုးပြီး ၅၉၈၈၇ ဧက ရိတ်သိမ်းပြီးဖြစ်ပါသည်။ ပေါက်ခေါင်းမြို့နယ်အနေဖြင့် ၄၆၇၁၇ ဧကစိုက်ပျိုးပြီး ၃၅၀၃၉ဧက ရိတ်သိမ်းပြီးဖြစ်ပါသည်။ ပန်းတောင်းမြို့နယ်တွင် ၄၉၉၃၄ ဧက စိုက်ပျိုးပြီး ၄၃၁၅၃ ဧကရိတ်သိမ်းပြီး၍ ရွှေတောင်မြို့နယ်တွင် ၅၈၁၆၃ဧက စိုက်ပျိုးပြီး ၃၄၉၈၉ ဧက ရိတ်သိမ်းပြီးဖြစ်ပါသည်။ အထွက်နှုန်းအနေဖြင့် မြို့နယ်အလိုက် တစ်ဧကလျှင် ပျမ်းမျှ (၇၀)တင်းခန့် ထွက်ရှိကြောင်း သိရှိရပါသည်။
ပြည်ဈေးကွက်ရှိ အောင်ပန်းချင်းများမှာ ယခင်တစ်ပတ်တွင် တစ်ပိဿာလျှင် လက်ကားဈေး ၁၈၀၀-၂၀၀၀ကျပ်၊ လက်လီဈေး တစ်ပိဿာလျှင် ၂၇၀၀-၂၈၀၀ကျပ်ဖြင့် ဈေးငြိမ်နေခဲ့ပါသည်။ ဝင်ရောက်မှုအနေဖြင့် တစ်ပတ်လျှင်ပိဿာချိန် ၂၀/၂၅ ဝင်ဆံ့အိတ် ၁၅၀/၂၀၀ အတွင်း ပုံမှန် ဝင်ရောက်မှုရှိကြောင်း သိရှိရပါသည်။ ချင်းများကို ပြည်မြို့မှတစ်ဆင့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့သို့ဆက်လက်တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။ ဒေသတွင်းရှိ လက်လီဝယ် ယူမှုရှိသည့်အတွက် ယခုအပတ်တွင် ပိဿာချိန် ၈၀၀ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိ
ဒီဇင်ဘာလ ဒုတိယပတ်တွင် ပြည်မန်ကျည်းမှည့်ရောင်းဝယ်ရေးသမားများ အရောင်းအဝယ်အေးနေကြောင်း သိရှိရပါသည်။ ရန်ကုန်နှင့် ရခိုင်ဝယ်လက်တို့ အစွဲအေးနေကြောင်းလည်း သိရှိရပါသည်။ ဒေသတွင်းဈေးများရှိ လက်လီအရောင်းဆိုင်များမှ လိုသလောက် ပိဿာစွဲလောက်သာ အဝယ်ရှိနေသောကြောင့် အရောင်းအဝယ်ပြန်အေးသွားကြောင်း သိရှိရပါသည်။ ယခုအပတ် မန်ကျည်းမှည့် လက်ကားဈေးတစ်ပိဿာလျှင် ၄၃၀၀ကျပ်ဈေးဖြစ်ပြီး၊ လက်လီဈေးများတွင် တစ်ပိဿာလျှင် ၄၅၀၀-၄၈၀၀ကျပ်ဈေးတို့ဖြင့် ရောင်းချလျက်ရှိပါသည်။ မန်ကျည်းမှည့်အသစ်များလည်း မကြာမီတွင်
ပြည်မြို့၏ စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်သီးခြောက်ကို ဒေသတွင်း လက်လီ/လက်ကားသမားများဖြင့်သာ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပါသည်။ ငရုတ်သီးခြောက်များကို မိတ္ထီလာ၊ ပျော်ဘွယ်နှင့် ရှမ်းပြည်နယ် အောင်ပန်းဘက်မှ နေစဉ်အဝင်မရှိသော်လည်း ရက်ခြားအဝင်ရှိပါသည်။ ဝင်ရောက်မှုရှိလျှင် အိတ် ၃၀ခန့်လောက် အဝင်ရှိကြောင်း သိရှိရပါသည်။ ပြည်ဈေးကွက်သို့ ဝင်ရောက်လာသည့် ငရုတ်သီးခြောက်များကို ဒေသတွင်းလက်လီ/ လက်ကားသမားများက အဝယ်ရှိသလို ရခိုင်ဘက်မှလည်းဝယ်ယူမှုရှိသဖြင့် တင်ပို့ရောင်းချလျက်ရှိပါသည်။ င