ရာသီစာသရက်ပြင်ဈေးကွက်

Powered by Drupal

   ပြည်ဈေးကွက်သို့ရာသီစာသရက်ပြင်များဝင်ရောက်လာမှုရှိလာပါသည်။ တစ်နိုင်တစ်ပိုင် လုပ်ကိုင်ရောင်းချနေသောကြောင့် တစ်ခါဝင်လျှင် ၃ပိဿာ/၄ပိဿာ ခန့်သာအဝင်ရှိပြီး ပြည်မြို့အနောက်ဘက်ကမ်းရွှေဘုံသာ၊ စစ်တဝင်းရွာများမှ လည်းကောင်း၊ ပြည်ခရိုင်အတွင်း ပုတီးကုန်း၊ ရွှေတောင်ဘက်တို့မှ ဝင်ရောက်မှုရှိကာ ရာသီစာ သရေစာဖြစ်သောကြောင့် လက်ဆောင်ပေးရန်အတွက် အရောင်းအဝယ်ရှိကြောင်းသိရှိရပါသည်။ သရက်ပြင်တစ်ပိဿာလျှင် လက်ကားဈေးကျပ် (၁၅၀၀၀)ရောင်းချပြီး လက်လီ (၁၀)သားလျှင် ကျပ် (၂၀၀၀၀) ရောင်းချကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)