
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ အတွင်း နွေစပါးများ စတင်ရိတ်သိမ်းထွက်ရှိနေပြီဖြစ်ရာ ထွက်ရှိသောစပါးများအား တောင်သူများစပါးရောင်းဝယ်ရေး အဆင်ပြေချောမွေ့စေရေးအတွက် Wilmar Myanmar Riceland Limited မှ ပဲခူးတိုင်းဒေသကြီး အတွင်းမှ စပါးတင်းပေါင်း (၅၄၀၀၀၀၀) ဝယ်ယူမည်ဖြစ်ပြီး ပြည်ခရိုင်အတွင်းရှိ ပေါင်းတလည်၊ ဝက်ထီးကန်နှင့် ပေါက်ခေါင်းမြို့နယ်များမှ စပါးတင်းပေါင်း (၁၃၉၅၀၀၀) အစိုမှတ်ပေါ်မူတည်၍ တစ်တင်းလျှင် ၁၂၅၀၀ကျပ်မှ ၁၅၀၀၀ကျပ်အတွင်း ချေးပေးဝယ်ယူလျှက်ရှိပါသည်။
ပြည်ခရိုင်အတွင်းရှိ စပါးများအား Wilmar Myanmar Riceland Limited မှ ၂၀၂၅ ခုနှစ်၊ မေလ(၁၂)ရက်နေ့မှ စတင်ဝယ်ယူနေပြီဖြစ်ရာ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့အထိ ပေါင်းတလည်နှင့် ဝက်ထီးကန်တို့မှ စပါးတင်းပေါင်း (၁၇၂၅၆) ဝယ်ယူပြီး ဈေးနှုန်းအနေဖြင့် အစိုအမှတ်ပေါ်မူတည်၍ တစ်တင်းလျှင် ၁၂၅၀၀ကျပ် မှ ၁၃၅၀၀ကျပ်အတွင်း ချေးပေး ဝယ်ယူလျက် ရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)