ကုန်သွယ်မှုသတင်းများ
လွိုင်ကော်မြို့နယ်တွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို မှုံပြာ၊ လင်ဖုံ လေးကျေးရွာများမှ အများဆုံး စိုက်ပျိုးကြသော်လည်း ယခုနှစ်တွင် စိုက်ပျိုးနိုင်မှုလျော့နည်းသဖြင့် ရှမ်းပြည်နယ် အင်းလေးဒေသဘက်မှလည်း ဝင်ရောက်လျက်ရှိကြောင်း၊ ယခု ဇူလိုင်လ စတုတ္ထပတ် တွင် ဈေးကွက်အတွင်း ခရမ်းချဉ်သီး ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၅၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင် ဇွန်လ စတုတ္ထပတ်တွင် တစ်ပိဿာလျှင် (၁၂၀၀) ကျပ်ဈေးရှိခဲ့ပြီး ယခင် ဇွန်လ စတုတ္ထပတ် နှင့် ယခု
လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များမှ ( ၁၄ )ဆိုင်ဖွင့်လှစ်ရောင်းချလျှက်ရှိပြီး စက်သုံးဆီလက်လီဈေးနှုန်းများမှာ ဇူလိုင်လစတုတ္ထပတ်အတွင်း ဒီဇယ်ရိုးရိုးတစ် လီတာကို (၂၀၇၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၂၁၃၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ ကို(၁၇၇၅)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၁၈၁၅)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင် ဇွန်လစတုတ္ထပတ်အတွင်း ဒီဇယ်ရိုးရိုး တစ်လီတာကို (၂၇၁၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို(၂၇၄၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၂၂၇၀)ကျပ် နှင့် ဓါတ်ဆ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့အနီး ပတ်ဝန်းကျင်ရှိကျေးရွာများတွင်နေထိုင်ကြသော ဒေသခံပြည်သူများ ထင်းရှူးမှိုရှာရောင်းချသူများမှာ အပိုဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျှက်ရှိကြောင်း သိရပါသည်။
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့၊အမှတ်(၂)ရပ်ကွက်ရှိ HZ ကောက်ညှင်းကျည်တောက်လုပ်ငန်းအားကျောက်ဆည်ခရိုင်၊စားသုံးသူရေးရားစီးဌာန၊ဝန်ထမ်း များမှ သွားရောက် လေ့လာခဲ့ပါသည်။ ၄င်းလုပ်ငန်းအား ရှေးယခင် ဘိုးဘွားလက်ထက်မှစ၍ ယခုအချိန်ထိ မိသားစု အသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်လျှက်ရှိပြီး ပေါင်းတင်းဝါး (ခ) ကောက်ညှင်းကျည်တောက်ပြုလုပ်ရန်အတွက် ကောက်ညှင်းအဖြူ (သို့) ကောက်ညှင်းငချိတ် ကြိုက်နှစ်သက်ရာ တို့ဖြင့်ပြုလုပ်နိုင်ကာ အများအားဖြင့် ကောက်ညှင်းအဖြူကို
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် မေလ လဆန်းပိုင်းမှ စတင်၍ ကုန်စည်ဒိုင် စတင်ပြန်လည် လည်ပတ်ခဲ့ကြောင်း သိရပါသည်။ ဇူလိုင်လ စတုတ္တပတ်တွင် ဖြစ် ပေါ်နေသောပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး) တစ်တင်းကျပ်၄၅၅၀၀၊ ပဲစဉ်းငုံ တစ်တင်းကျပ် ၄၅၇၀၀၊ မတ်ပဲ တစ်တင်းကျပ် ၅၁၀၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း ကျပ် ၄၈၂၀၀၊ ကုလားပဲ 929 တစ်တင်းကျပ် ၄၉၂၀၀၊ ကုလားပဲ V2 တစ်တင်းကျပ် ၅၁၈၀၀၊ ကုလားပဲ V3,7 တစ်တင်းကျပ် ၅၂၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်န