ကုန်သွယ်မှုသတင်းများ

Powered by Drupal
26 Jul 2022

         ယခုမိုးရာသီကာလတွင် ရာသီတုပ်ကွေးများနှင့် ကလေးငယ်များတွင် သွေးလွန်တုပ်ကွေးရောဂါများ ဖြစ်ပွားလျှက်ရှိရာ မကွေးမြို့ရှိ ဆေးဆိုင်များတွင် ဖျားနာမှုအတွက် အဓိကဝယ်ယူလျက်ရှိကြသော အိမ်သုံး ဆေးဝါးများမှာ ဇူလိုင်လ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် စျေးနှုန်းများပြောင်းလဲခြင်းမရှိဘဲ စျေးနှုန်းများ တည်ငြိမ်လျှက်ရှိကြောင်းသိရှိရပါသည်။

26 Jul 2022

            သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ပဲမျိုးစုံအနက် ပဲတီစိမ်း သီးနှံသည် နေ့စဉ်ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပါသည်။ ဇူလိုင်လ ဒုတိယပတ်တွင် ပဲတီစိမ်း တစ်တင်းလျှင်(၄၆၀၀ဝိ/-) ရှိခဲ့ရာမှ ယခုတတိယပတ်တွင် ပဲတီစိမ်းများ ဆက်လက်ထွက်ပေါ် လျက်ရှိရာ တစ်တင်းလျှင် (၄၇၅၀ဝိ/-)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

26 Jul 2022

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး ၊ စံချိန်စံညွှန်းများနှင့် ပြည့်မှီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေး နှင့်ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး ၊ စားအုန်းဆီ ကမ္ဘာ့စျေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းမျ

26 Jul 2022

          ပခုက္ကူမြို့မဈေး၊ ဈေးကွက်သို့ စားဖိုဆောင်သီးနှံအာလူးများ နေ့စဉ် ရှမ်းပြည်(အောင်ပန်း) နှင့် တရုတ်နိုင်ငံ(ပြည်ပ)မှတင်သွင်းသော အာလူးများမန္တလေးမြို့မှတစ်ဆင့် ပခုက္ကူမြို့သို့ဝင်ရောက် လျက်ရှိပါသည်။ ဇူလိုင်လ(၁၅)ရက်မှ(၂၁)ရက်အတွင်း ဖြစ်ပေါ်ခဲ့သော အာလူး ဈေးနှုန်းများမှာ ရှမ်းပြည်(အောင်ပန်း)အာလူး တစ်ပိဿာလျှင် လက်လီဈေး(၂၂၀၀)ကျပ်၊ လက်ကားဈေး (၁၈၀၀/၁၉၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ တရုတ်နိုင်ငံ (ပြည်ပ)မှ ဝင်လာသော အာလူးတစ်ပိဿာလျှင် လက်ကားဈေး(၁၆၀၀)ကျပ်၊ လက်လီဈေး

26 Jul 2022

            မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် နှမ်းမျိုးစုံကို ရန်ကုန်-မန္တလေး ဝယ်လက်နှင့် ဆီစက်များမှ ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။ ယခုနှစ်တွင် မိုးနှမ်းစိုက်ဧကမှာ (၅၈၉၅၆၂)ဧက စိုက်ပျိုးပြီး ရာသီဥတုအခြေအနေအရ (၁)ဧက(၆)တင်းမှ (၁၈)တင်းခြားထွက်ရှိကြကြောင်း လေ့လာသိရှိရပါသည်။

Pages