ကုန်သွယ်မှုသတင်းများ

Powered by Drupal
25 Jul 2022

        သနပ်ပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ် မိုးစပါးများအား တောင်သူဦးကြီးများမှ ဈေးကောင်းမျှော်ပြီး စိုက်ပျိုးနေကြပြီဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှစ်မိုးစပါးများ စိုက်ပျိုးကြရာတွင် မနောသုခ (၃၅၄၂၁)ဧက၊ ဆင်းသုခ (၃၄၃၃၀)ဧက၊ ရွှေဝါထွန်း(၃၆၀၁၀)ဧက၊ ကောက်ညှင်း(၉၀)ဧက ၊ ဇီယာ(၉၇၁၄)ဧက၊ မီးဒုံး(၅၉၈၂)ဧက၊ ပျော့ထွန်း(၂၈၀၇၇)ဧက စုစုပေါင်း(၁၄၉၆၂၄)ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး ယခုနှစ်စိုက်ပျိုးပြီးစီးမှု (၇၀)ရာခိုင်နှုန်း စိုက်ပျိုးထားပြီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြောကြားချ

22 Jul 2022

          ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်တွင် ၁၉၈၀ ခုနှစ်ခန့်လောက်ကစ တင်၍ ငါး၊ ပုဇွန်မွေးမြူရေး လုပ်ကိုင်ရန် ကန်တစ်ရာ စီမံကိန်း အဖြစ် စတင်လုပ်ကိုင်ခဲ့ပါသည်။ လက်ပံတန်း မြို့နယ်သည် ဧရာဝတီမြစ်ကမ်းနံဘေးတွင် တည်ရှိပြီး မြစ်မခမြစ်ရေများ ဖြတ်သန်းစီးဆင်း နေပါသည်။ မြစ်မခမြစ် ပတ်ဝန်းကျင် ကျေးရွာများတွင် ရေကြီးရေလျံ ရေနက်ကွင်းများ ဖြစ်ပေါ်လျက် ရှိပါသည်။

22 Jul 2022

         မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သည့် နိုင်ငံဖြစ်သည့်အတွက် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြသလို ပဲကိုလည်း ဒုတိယ ဦးစားပေး၍ စိုက်ပျိုးသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်နေထိုင်ကြသော လူဦးရေအများအပြားတွင် ၇၀% မှာ စိုက်ပျိုးသူ တောင်သူများ ဖြစ်ပြီး မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများအနေဖြင့် စပါးစိုက်ပျိုးရိတ်သိမ်းပြီးလျှင် ပုံမှန်အားဖြင့် ပဲသီးနှံနှင့် အခြားသီးနှံများ ဆက်လက် စိုက်ပျိုးကြပါသည်။ ယခုအချိန်တွင် တစ်နှစ်ကို စပါးပြီးပဲ နှစ်သီးစိုက

22 Jul 2022

                စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်မြို့နယ် အတွင်းရှိ အများပြည်သူတို့အနေဖြင့် စားသုံးဆီများအား သက်သာသောရည်ညွှန်းဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်စေရေး ရည်ရွယ်၍ (၁၈.၇.၂၀၂၂)ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင်  ပြည်မြို့၊ ခေတ္တရာမြို့သစ်နယ်မြေတွင် ပြည်ခရိုင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းနှင့် ပူးပေါင်း၍ အိမ်ထောင်စုတစ်စုလျှင်  တစ်ပိဿာနှုန်းဖြင့် စားသုံးဆီများအား လှည့်လည်ရောင်းချပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

22 Jul 2022

          ပြည်ခရိုင်အတွင်းရှိ ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ဇူလိုင်လ ပထမပတ်တွင် မတ်ပဲဈေးများတက်နေသော်လည်း ဒုတိယပတ်မှာတော့ဈေးကျနေပြီး ကုလားပဲ၊ စားတော်ပဲ၊ ပဲကြီး ဈေးများတက်လျှက်ရှိပါသည်။

          ဇူလလိုင်လဆန်းပိုင်းတွင်  မတ်ပဲတစ်တင်းကို ၅၆၀၀၀-၅၆၅၀၀ကျပ်ဖြင့် အဝယ်ပုံမှန် ရှိခဲ့ပါသည်။  ဇူလိုင်ဒုတိယပတ်မှာ မတ်ပဲဈေးကျလာပြီး ပဲတစ်တင်းကို ၅၂၀၀၀-၅၂၅၀၀ကျပ်ဖြင့် ရန်ကုန် အဝယ်တစ်ရက်ကို ၁၅၀/၂၀၀ခန့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

Pages