ကုန်သွယ်မှုသတင်းများ

Powered by Drupal
22 Jul 2022

             ပြည်ဈေးကွက်သို့ ယခုဇူလိုင်လဒုတိယပတ်တွင် မြေပဲဆန်များဝင်ရောက်မှုမရှိသော်လည်း လှောင်မြေပဲဆန်များဖြင့်သာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ မြေပဲဆန် လုံးဆန်(အဖြူ)ကို မြဝတီဘက်သို့ တင်ပို့ရန်အဝယ်ရှိသလို၊ မြေပဲဆန်လုံးဆန်(အနီ)ကို ဒေသတွင်း မြေပဲလှော်ဖို သမား များက ဝယ်ယူမှုရှိပါသည်။ ဆီကြိတ် မြေပဲဆန်ဖြစ်သော ရွေးဆန်များကို မြေပဲဆီကြိတ်သော ဆီစက်များနှင့် ဆုံဆီကြိတ်သောဆီစက်များက အဝယ်ရှိသလို မလုံလောက် ပါက မကွေးမြို့နှင့် ပခုက္ကူဘက် မှဝယ်ယူ၍ ကြိတ်ခွဲရပါသည်။ ယခုဇူလိုင်လ ဒုတိယပတ်ရှိ

22 Jul 2022

           ပြည်ပဲမျိုးစုံဈေးကွက်အနေဖြင့် ပြည်ပဝယ်လက်များဖြစ်သော မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းသီးနှံများအနက် မတ်ပဲသီးနှံမှာ ဈေးနှုန်းတဖြည်းဖြည်းကျဆင်းလျှက်ရှိပြီး တစ်တင်း ၅၂၀၀၀ကျပ်ဖြင့် ဝယ်လိုအား ပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ဇူလိုင်လဆန်းပိုင်းတွင် တစ်တင်း ၅၇၀၀၀ ကျပ် မှ ၆သောင်းနီးပါးအထိ ဈေးရခဲ့ပြီး ဒုတိယပတ်မှစ၍ ဈေးတဖြည်းဖြည်း လျှော့နည်းလာခဲ့၍ တစ်ချို့လှောင်သမားများကလည်း ထုတ်ရောင်းချမှုမရှိဘဲ ငွေလို၍ ရောင်းချမှု အချို့သာ ရှိခဲ့ကြပါသည်။ ထို့အတွက်ကြောင့် ပဲဝင်ရောက်မှုနေ့စ

22 Jul 2022

          ပြည်ပဲဈေးကွက်သို့ မိုးပဲတီစိမ်းသစ်များ ဇူလိုင်လဆန်းရက်မှစ၍ ဝင်ရောက်လာခဲ့ရာ ယခုအချိန်ထိနေ့စဉ် ဝင်ရောက်မှုတဖြည်းဖြည်းများလာပြီး ပြည်အနီးတဝိုက် မင်းတုန်း၊ ကံမ၊ ပေါင်းတလည်၊ ပေါက်ခေါင်း ဒေသများမှ ဝင်ရောက်လာခဲ့ကြောင်း သိရှိရပါသည်။ ပဲတီစိမ်းသစ်ဈေးမှာ ပဲအရည်အသွေး ပေါ်မူတည်၍ ဈေးကွာခြားမှုရှိခဲ့ပါသည်။ ပဲသစ်အဖွင့်ဈေးမှာ တစ်တင်း ၄၆၀၀၀ ကျပ်ဖြင့် ဝယ်ယူခဲ့ကြပြီး ရိုးရိုးတစ်တင်း ၄၆၀၀၀ကျပ်၊ ထိပ်စတစ်တင်း ၄၇၀၀၀ကျပ်ဖြင့် အသီးသီးရောင်းဝယ်လျှက်ရှိရာ မန္တလေးလိုင်းသမားများ အဓိကထား ဝယ်ယူမ

22 Jul 2022

            တောင်ငူခရိုင်၊ ဖြူးမြို့တွင် အိမ်တိုင်းလိုလို သရက်ပင်များ စိုက်ပျိုးကြပါသည်။ သရက်သီးများမှာ ရင်ကွဲ၊ မချစ်စု၊ မနော်နွယ်၊ စိန်တလုံးစသည်ဖြင့် မျိုးကွဲများရှိရာ စိန်တစ်လုံးသရက်သီးသာ ဈေးကောင်းရရှိ၍ ကျန်သရက်သီးများမှာ ဈေးကွက်သိပ်မရှိပါ။ ထို့ကြောင့် သရက်သီးမှည့်အနေဖြင့် စိန်တစ်လုံးသရက်သီးကိုသာ ခူးဆွတ်၍ အမှည့်အုပ် ရောင်းချကြပြီး ကျန်အသီးများမှာ ခူးဆွတ်ခနှင့် ဈေးကွက် တွက်ချေမကိုက်ပါ။

22 Jul 2022

            ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင် ၊  ပေါင်းတည်မြို့နယ်မှ ဝန်ထမ်းများသည် (၁၃.၇.၂၀၂၂)ရက်နေ့ နေ့လယ် (၁၃:၃၀) အချိန်တွင် ပေါင်းတည်မြို့နယ်အတွင်းရှိ ဗိုလ်ကုန်းကျေးရွာရှိ ရုံပတီသီးစိုက်ပျိုးသောတောင်သူနှင့် တွေ့ဆုံ၍ ရုံးပတီသီးစိုက်ပျိုးထုတ်လုပ်မှု၊ တင်ပို့မှုနှင့် ဈေးနှုန်းဈေးကွက် အခြေအနေတို့အား မေးမြန်းခဲ့ပါသည်။

Pages