ကုန်သွယ်မှုသတင်းများ

Powered by Drupal
21 Jul 2022

         ဇူလိုင်လ ဒုတိယအပတ်တွင် မကွေးမြို့၊ မြို့မစျေးနှင့် ရန်ပယ်စျေးများ၌ ကြက်သွန်နီစျေးနှုန်းများ ကျဆင်းလာကြောင်း သိရသည်။ ဇွန်လ စတုတ္ထပတ်တွင် ကြက်သွန်နီ(၁)ပိဿာလျှင် (၂၀၀ဝိ/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ရာမှ ဇူလိုင်လ ဒုတိယအပတ်တွင် ကြက်သွန်နီ အမျိုးအစားနှင့် အရည်အသွေး ပေါ်မူတည်ပြီး (၁)ပိဿာလျှင် (၁၆၀ဝိ/-) ကျပ်မှ (၁၈၀ဝိ/-) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ဆိုင်ခန်းစျေးသည်များနှင့် ပျံကျစျေးသည်များထံမှ သိရသည်။

21 Jul 2022

          မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ရှိ ယောစုကျေးရွာ၊ ပိန္နဲတောကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ညောင်ကုန်း ကျေးရွာ၊ မုန်းနားစုကျေးရွာနှင့် ဒေးဒရဲကျေးရွာတို့သည် မုန်းချောင်းရေကိုအမှီပြု၍ လယ်ယာမြေများတွင် ရေသွင်းစိုက်ပျိုးကာ ဟင်းသီးဟင်းရွက် သီးနှံစားပင်မျိုးစုံကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်းသိရသည်။ အဆိုပါစားပင်သီးနှံများထဲမှ ပိန်းဥသီးနှံသည် ဈေးကွက် ရှိသည့်အပြင် ဈေးကောင်းလည်းရရှိသဖြင့်  အားထားစိုက်ပျိုးကြကြောင်းသိရှိရပါသည်။  ပွင့်ဖြူ ဒေသထွက် ပိန်းဥသီးနှံမှာ ယခုနှစ

21 Jul 2022

           မကွေးတိုင်းဒေသကြီးတွင် ၂၀၂၁ ခုနှစ်မှ ငါးနှစ်တာကာလအတွင်း စပါးစိုက်ပျိုးထွက်ရှိမှုစာရင်းများအရ နှစ်စဉ်စပါးတင်း (၄၆၇)သိန်းထွက်ရှိပြီး မျိုးစပါးနှင့် အလေအလွင့်အတွက် နုတ်ပယ်ပါက ပြည်တွင်းဆန် စားသုံးမှုအတွက် ကြိတ်ခွဲနိုင်သော စပါးတင်း(၄၃၄)သိန်းကျော် ကျန်ရှိပါသည်။ အဆိုပါ စပါးများကြိတ်ခွဲရန်အတွက် မကွေးတိုင်းဒေသကြီးအတွင်း တန်းမြင့်ဆန်ကြိတ်ခွဲနိုင်သော တန်(၄၀)နှင့် အထက်ဆန်စက်ကြီး(၉)လုံး၊ (၁၅)တန်နှင့် တန်(၄၀)ကြား ကြိတ်ခွဲနိုင်သည့် ဆန်စက်အလတ်(၁၇)လုံး၊ (၁၀)တန်မှ (၁၅)တန်ကြား ကြိတ

21 Jul 2022

            ကယားပြည်နယ်တွင်ပြောင်းသီးနှံအဓိကထွက်ရှိပြီး ပြည်နယ်၏ အဓိကပို့ကုန်တစ်မျိုးလည်း ဖြစ်ပါသည်။ ပြည်နယ်မှထွက်ရှိသော ပြောင်းကို မြဝတီသို့တင်ပို့လျက်ရှိကြောင်း၊ ပြောင်းကို လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်များတွင် စိုက်ပျိုးကြပြီး ၂၀၂၀-၂၀၂၁ ခုနှစ် ပြောင်းစိုက်ဧကမှာ (၅)သောင်းကျော်ခန့်သာစိုက်ပျိုးနိုင်ခဲ့ပြီး အချို့ဒေသများတွင် ရိတ်သိမ်းနိုင်မှုမရှိ၍ စိုက်ဧကနှင့်အထွက်နှုန်းလျော့နည်းခဲ့ရပြီး ပြည်နယ်မှပြောင်းတင်ပို့နိုင်မှုမှာ ဇန်နဝါရီလမှမေလအထိ  ပြောင်း(၅

21 Jul 2022

             ကယားပြည်နယ်တွင် ဆန်စပါး၊ ပြောင်းကို အဓိကစိုက်ပျိုးပြီး အခြားသီးနှံများကိုလည်း သီးထပ်၊သီးညှပ် အဖြစ်စိုက်ပျိုးကြရာ ယခုဇူလိုင်လရာသီချိန်တွင် ဈေးကွက်အတွင်း ဓာတ်မြေဩဇာ ဈေးနှုန်းများမှာ ပုလဲ တစ်အိတ်လျှင် (၉၃၀၀၀) ကျပ်၊မြှားတံဆိပ် ကွန်ပေါင်း တစ်အိတ်လျှင် (၇၂၀၀၀) ကျပ်၊ ပိုတက်တစ်အိတ်လျှင် (၈၆၀၀၀)ကျပ်၊ ရွှေကောင်းသီးနှံ တစ်အိတ်လျှင် (၆၅၀၀၀) ကျပ်၊ နဂါးနီ တစ်အိတ်လျှင် (၂၅၅၀၀)ကျပ်၊ ကူကြာကူ တစ်အိတ်လျှင် (၉၅၅၀၀) ကျပ်၊ ၉၉၉ တစ် အိတ်လျှင် (၇၉၀၀၀) ကျပ် ဈေးနှုန်းဖြင့်အရောင်းအဝယ်ဖြစ်

Pages