ကုန်သွယ်မှုသတင်းများ
ပြည်မြို့ဈေးကွက်တွင်ရောင်းချနေသော ဖူးစားပြောင်းများကို သဲကုန်းမြို့နယ် ပုတီးကုန်း၊ သဲကုန်း နှင့် ပြည်မြို့နယ်အတွင်းရှိ မှော်ဇာကျေးရွာများ၌ အများဆုံး စိုက်ပျိုးကြောင်း သိရှိရပါသည်။ ထွက်ရှိ လာသော ဖူးစားပြောင်းများကို ဒေသတွင်းစားသုံးရန်နှင့် ရန်ကုန်ဈေးကွက်သို့ တင်ပို့ ရောင်းချ လျှက်ရှိပါသည်။ ပုတီးကုန်းပြောင်းကို ဒေသအခေါ် နတ်ပြည်မွှေး နှင့် ကာလာဖိုက်လို့ ခေါ်ဆိုကြပါသည်။ ဈေးနှုန်းများအနေဖြင့် တစ်ဖူးလျှင် ၂၀၀ ကျပ်ဖြင့်ရောင်းချလျှက်ရှိပြီး ပြောင်းဝါခေါ် သကြားပြောင်း တစ
နာနတ်သီးများကို ပြည်မြို့စည်ပင်သာယာဈေးကြီးသို့ ပြည်မြို့ အနီးအနားရှိ မြို့နယ်များနှင့် မန္တလေး မြို့ဘက်မှ တင်ပို့ရောင်းချလျှက်ရှိပါသည်။ နာနတ်သီးများအဝင်လှိုင်လာသည့်အတွက် စားသုံးသူများ အနေဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးကြသလို ရောင်းချသူများအနေဖြင့်လည်း အရောင်း အဝယ် သွက်လျှက်ရှိပါသည်။ နာနတ်သီးဈေးနှုန်းများမှာ အလုံးအကြီး အသေးပေါ်မူတည်၍ ဈေးနှုန်းများ ကွာခြားလျှက်ရှိပါသည်။ နာနတ်သီးအလုံးကြီး တစ်လုံးလျှင် ၁၅၀၀-၂၀၀၀ကျပ်၊ အလတ် တစ်လုံးလျှင် ၁၀
ယခုလိုအချိန်တွင် ဈေးကွက်၌ မန်ကျည်းသီးစိမ်းများ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ရာသီစာ ဖြစ်သည့်အတွက် စားသုံးသူများကဝယ်ယူစားသုံးကြသဖြင့် ပေါ်ခါစအချိန်တွင် မန်ကျည်းစိမ်း မှာ ဈေးမြင့်လာခဲ့ပြီး အထွက်များလာချိန်တွင် ဈေးများကျလာခဲ့ပါသည်။ မန်ကျည်းသီးစိမ်းကို ပြည်အနီး တဝိုက်ရှိ ကျေးရွာများမှ ခူးဆွတ်၍ ပြည်မြို့ရှိ ဈေးများတွင်ရောင်းချလျှက်ရှိပါသည်။ မန်ကျည်းသီး စိမ်းများပေါ်ခါစတွင် တစ်ဆယ်ကျပ်သားလျှင် ၁၀၀၀-၁၂၀၀ ကျပ်ဈေးရှိခဲ့ပြီး ယခု ဇူလိုင်လ ဒုတိယ ပတ်တွင် တစ်ဆယ်ကျပ်သားလျှင် ၄၀၀
ပြည်ချင်း (ပွဲရုံ)များသို့ ချင်းအိတ်အဝင်ပုံမှန်ဝင်ရောက်နေပြီး ယခုတစ်ပတ် ချင်းဈေး အနည်းငယ်တက်လာပါသည်။ ပြည်ခရိုင်အတွင်း ချင်းအရောင်းအဝယ်ရှိနေပြီး ဒါးလှီးချင်းသမား တို့လည်း အဝယ်ရှိသောကြောင့် ယခုအပတ် ချင်းအရောင်းအဝယ်ဖြစ်သည်ဟု သိရပါသည်။ ယခု အပတ်(ပွဲရုံဈေး) ချင်းတစ်ပိဿာလျှင် ၁၀၀၀ကျပ်၊ အိတ်စွဲဈေးနှင့် သန့်စင်ပြီး ချင်းဈေးမှာဖြင့် ၁၂၀၀-၁၄၀၀ကျပ်တို့ဖြစ်ပါသည်။ လက်လီဈေးများမှာ ချင်းတက် တစ်ပိဿာကို ၁၇၀၀ကျပ် ဈေးတို့ဖြင့် ရောင်းချနေသည်ကို တွေ့ရပါသည်။ ဒါးလှီးချင်းဖတ် တစ်ပိဿာလျှ
ပြည်ဈေးကွက်တွင် ဇူလိုင်လဒုတိယပတ်တွင် ဒေသတွင်းဆီစက်သမားများက ဆီကြိတ်ရန် အဝယ်ရှိသဖြင့် နှမ်းသီးနှံသည် နေ့စဉ်အရောင်းအဝယ်မဖြစ်ဘဲ ရက်ခြားသာ အရောင်း အဝယ်ဖြစ် လျှက်ရှိပါသည်။ မိုးကြိုနှမ်းများလည်း နောက်လတွင် ထွက်ပေါ်နိုင်ပြီး ယခုအချိန်တွင် ဈေးကွက်သို့ နှမ်းများဝင်ရောက်မှုမရှိပေမယ့် လှောင်နှမ်းများဖြင့်သာ ရက်ခြား အရောင်းအဝယ်ဖြစ်သည်ဟု သိရှိရပါသည်။ နှမ်းဈေးနှုန်းအနေဖြင့် နှမ်းနီ(၃)တင်းတစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်၊ နှမ်းနက်မှာ (၃)တင်းတစ်အိတ်လျှင် ၁၈၀၀၀၀ကျပ်နှင့် စမုံနက်နှမ်းမှာ