စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ မြို့ပေါ်ရပ်ကွက်များနှင့် နတ်ပေးကျေးရွာတွင် ဘူးပင်များစိုက်ပျိုးလျက်ရှိရာ ဘူးသီးတင်မက ဘူးညွှန့်များကိုပါ ရောင်းချရသည့်အတွက် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဘူးညွန့်ဆိုတာက နွယ်တက်ပြီး အရွက်ကအစိမ်းရောင် ဖားဖားလေးတွေရှိပြီး အရွက်လေးတွေနဲ့ရိုးတံလေးတွေမှာ အမွေးဖြူပါးပါးလေးတွေပါကြောင်း၊ အရသာကနုညံ့ပြီး လတ်လတ် ဆတ်ဆတ်ဆိုရင် အချိုအရသာရှိကြောင်း၊ ရိုးတံလေးတွေကိုရော အရွက်လေးတွေကိုပါ သေချာလေး သန့်စင်ပြီး ပြုတ်စားတာ၊ ကြော်စားတာ၊ ဟင်းချိုချက်စားတာ စသည်ဖြင့် အမျိုးမျိုးစားပေးလို့ရကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဘူးညွှန့်(၁)စည်းလျှင် (၅၀၀)ကျပ်၊ ဘူးညွှန့်(၂)စည်းလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချရသည့်အတွက် မိသားစုအပိုဝင်ငွေရရှိ ကြောင်း စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူ ဦးဝင်းအောင်ထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)