ကုန်သွယ်မှုသတင်းများ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ခုနှစ် နွေစပါးလျာထားဧက (၄၃၅၀၂) ဧက လျာထားခဲ့ပြီး (၄၆၇၇၇) ဧက စိုက်ပျိုးနိုင်ခဲ့၍ လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါသည် ။ နွေစပါးကို ဧပြီလမှာစိုက်ပျိုးကြပြီး ဇွန်လဆန်းပိုင်းမှာ စတင်ထွက်ရှိကာ ယခုအခါလှိုင်လှိုင်ပေါ်ထွက်နေပြီး ဇူလိုင်လယ်အထိ စပါးရိတ်သိမ်းဧက (၁၀၅၉၀) ဧက ရိတ်သိမ်းခဲ့ပြီး အထွက်နှုန်းအနေဖြင့် (၁၀၅.၇၉) တင်း ၊ အထွက်နှုန်းစုစုပေါင်း (၁၁၂၀၃၆၅) တင်း ထွက်ရှိကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၏စာ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ အင်ငါးခွကျေးရွာအုပ်စု၊ အင်ငါးခွ ကျေးရွာတွင် မိုးမြေပဲများစတင်စိုက်ပျိုးနေပြီဖြစ်သဖြင့် မိုးမြေပဲများစိုက်ပျိုးသူ တောင်သူနှင့် တွေ့ဆုံ၍ ကွင်းဆင်း လေ့လာခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/မိုးမြေပဲများ_0.jpg?itok=TFmXs4VM)
ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မိုးနှမ်းများ စတင်စိုက်ပျိုးနေပြီး ပေါက်ခေါင်းမြို့နယ်အနေဖြင့် မိုးနှမ်းစိုက်ဧကမှာ (၃၈၀၄၆) စိုက်ပျိုးပြီးဖြစ်ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/ပေါက်ခေါင်း 1_0.jpg?itok=KiOUtfyz)
တောင်ငူခရိုင် ဖြူးမြို့နယ်တွင် သီးမွှေးငှက်ပျော၊ ဖီးကြမ်းငှက်ပျောနှင့် ရခိုင်ငှက်ပျောများကို စိုက်ပျိုးကြရာတွင် ဈေးကွက်အတွင်း သီးမွှေးငှက်ပျောမှာ ဈေးကောင်းရလျှက်ရှိပါသည်။ ငှက်ပျောသီးကို စားသုံးမှုအတွက်သာမကဘဲ မြန်မာ့ယဉ်ကျေးမှုအရ ဘုရားပွဲ၊ နတ်ပွဲများတွင်လည်း အသုံးပြုကြ သဖြင့် ဈေးကွက်ခိုင်မာသော သစ်သီးဝလံတစ်မျိုးဖြစ်ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/ငှက်ပျော_1.jpg?itok=LIpoZtHF)
ညောင်လေးပင်မြို့နယ်၏ စပါးဈေးနှုန်းများအနေဖြင့် ဇူလိုင်လတတိယပတ်တွင် မိုးစပါးပေါင် (၄၆) တင်း ၁၀၀ လျှင် ၈၅၀၀၀၀ကျပ် ဖြစ်ပြီး၊ နွေစပါးပေါင် (၄၆) တင်း ၁၀၀လျှင် ၇၇၀၀၀၀ကျပ်၊ ဆန် တစ်အိတ် ထိပ်စလျှင် ၃၃၅၀၀ ကျပ်၊ ဆန်အလတ်စ ၃၂၀၀၀ကျပ်၊ ဆန်ကွဲကြီး တစ်အိတ်လျှင် ၃၁၀၀၀ကျပ်၊ ဆန်ကွဲအသေး တစ်အိတ်လျှင် ၃၀၅၀၀ကျပ် ၊ ဖွဲနု တစ်အိတ်လျှင် ၁၇၅၀၀ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။