ကုန်သွယ်မှုသတင်းများ

Powered by Drupal
06 Apr 2020

        သထုံမြို့နယ်၌ မျိုးကောင်းသည့် ကိုင်းကူးဒူးရင်းများကို မြို့နယ်အတွင်းရှိ ကျိုက္ကော်၊ နောင်ဘို၊ နောင်ကုလား စသည့် ကျေးရွာ ဥယျာဉ်ခြံမြေများတွင် စိုက်ပျိုးလျှက်ရှိကြောင်း သိရှိရသည်။ ဒူးရင်းသီးများသည် မိုးရာသီဝါဆိုလပတ်ဝန်းကျင်တွင် လှိုင်လှိုင်ပေါ်ပြီး ယခုအချိန်တွင် သထုံမြို့မဈေးတွင် ဒူးရင်းသီးတစ်လုံးလျှင် (၃၀၀၀) ကျပ်မှ (၁၅၀၀၀) ကျပ်တန်အထိ အရွယ် အစားအလိုက် ဈေးနှုန်းအမျိုးမျိုးရှိကြကြောင်း၊ တစ်ရက်လျှင် အလုံးရေ (၁၀၀) မှ (၁၅၀) ထိ ဒေသတွင်း စားသုံးသူများသို့ ရောင်းချလျှက်ရှိပြီး

26 Mar 2020

    ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်း စက်သုံးဆီဈေးနှုန်းမှာ ဖေဖော်ဝါရီလ (၁၉) ရက် နေ့တွင် ဓါတ်ဆီ(ရိုးရိုး)တစ်ဂါလံလျှင်(၃၇၆၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်ဂါလံလျှင် (၃၈၆၀) ကျပ် ဖြင့်ရောင်းချလျှက်ရှိပြီး၊ မတ် လ(၁၉)ရက်နေ့တွင် ဓါတ်ဆီ(ရိုးရိုး) တစ်ဂါလံလျှင် (၂၇၀၀) ကျပ်၊ ဒီဇယ် (ရိုးရိုး) တစ်ဂါလံလျှင်(၂၉၀၀)ကျပ်ဖြင့်ရောင်းချလျှက်ရှိရာ ယခင်လနှင့်ယခုလ နှိုင်းယှဉ် မည်ဆိုလျှင်ဓါတ်ဆီ(ရိုးရိုး)(၁၀၆၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)(၉၆၀)ကျပ် ဈေးနှုန်း ကျဆင်းလျှက်ရှိ ကြောင်း ပြည်နယ်အတွင်းရှိ တော်ဝင်စက်သုံး

26 Mar 2020

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့အတွင်း မယ်စဲ့နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်သို့ ကုန်ပစ္စည်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၄၈၄၀ တန်ဖိုးရှိ ငရုတ်သီးခြောက် ၈ ဒဿမ ၉၈ တန် တင်ပို့နိုင်ခဲ့ပြီး ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ဘက်မှ တဆင့်ပြန်လည်တင်သွင်းမှုများမှာ အမေရိကန်ဒေါ် လာ ၁၂၀၀၀ တန်ဖိုးရှိ ဟင်းချိုမှုန့် ၉ ဒဿမ ၉၈ တန်သွင်းလာပါကြောင်း မယ်စဲ့နယ်စပ်ကုန် သွယ်ရေးစခန်းစာရင်းများအရ သိရှိရပါသည်။

25 Feb 2020

      လွိုင်ကော်မြို့၌ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ပထမပတ်တွင် စပါးဈေးနှုန်းမှာ ဧည့်မထ စပါး ၄၆ ပေါင် တင်း(၁၀၀)လျှင် ငွေကျပ် ၇၅၄၀၀၀/- ဖြစ်ပြီး တတိယပတ်တွင် ၇၄၁၅၀၀/- ကျပ် သို့ ကျဆင်းသွားပြီး ပြည်နယ်အတွင်း အရောင်းအဝယ် အေးနေကြောင်း စက်ပိုင်ရှင်တစ်ဦးထံမှ သိရှိရပါသည်။ ဧည့်မထ(ဒေသ) ရွှေရင်အေး(၁) ဆန်ဈေးနှုန်း မှာဖေဖော်ဝါရီလပထမပတ်တွင် တစ်အိတ်လျှင် ( ၃၅၀၀၀ )ကျပ်၊ တစ်ပြည်လျှင် (၁၆၀၀)ကျပ် ဖြစ်ပြီး ယနေ့ထိဆန်ဈေးနှုန်း တည်ငြိမ်နေကြောင်း သိရပါသည်။

ကယားပြည်နယ်

25 Feb 2020

         ကယားပြည်နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ဖော်ဖော်ဝါရီလ ပထမပတ်တွင်  ကြက်သွန်နီ တစ်ပိဿာလျှင် ၂၂၀၀ (ကျပ်) မှ တတိယပတ်တွင် ၂၀၀၀ (ကျပ်) ကျဆင်းသွားကြောင်း၊ ကြက်သွန်(ဖြူ) တစ်ပိဿာလျှင် ဖေဖော်ဝါရီ ပထမပတ်၌ ၅၀၀၀ (ကျပ်) မှ တတိယပတ်တွင်  (၄၅၀၀)ကျပ် ကျဆင်းသွားကြောင်းနှင့်  ကြက်သွန်ဈေးနှုန်းကျဆင်းရခြင်းမှာ ပြည်နယ်အတွင်း ကြက်သွန်(နီ/ဖြူ) အသစ်များ အနည်းငယ်ပေါ်သောကြောင့်ဖြစ်ကြောင်း ကုန်သည်တစ်ဦး ထံမှသိရှိရပါသည်။

ကယားပြည်နယ်
စားသုံးသူရေးရာဦးစီးဌာန

Pages