
ဝက်များကိုမွေးမြူရေးခြံများဖြင့် စီးပွားဖြစ်မွေးမြူ၍လည်းကောင်း၊ တစ်နိုင်တစ်ပိုင်လည်းမွေးမြူကြသည်။ ဝက်များကို ယခင်တစ်ချိန်က ပြည်ပနယ်စပ်မြို့ကလေးများသို့ တင်ပို့ ရောင်းချကြသည်။ ယခုတွင်မူ ပြည်တွင်းစားသုံးရန်အတွက်သာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဝက်သားများကို အိမ်တွင်းဟင်းလျာအဖြစ် ချက်ပြုတ်ရန်သာမက အလှူများ ပြုလုပ်ရာတွင်လည်း ဝက်သားကို ချက်ပြုတ်ကျွေးမွေးကြသည်။ ဝက်သားကို အသားသာမက ဝက်အူချောင်းပြုလုပ်၍လည်းကောင်း၊ ဝက်ဆီဖက်ကြော်ပြုလုပ်၍လည်းကောင်း၊ ဝက်သားတုတ်ထိုး ပြုလုပ်၍လည်းကောင်း၊ ဝက်ပေါင်ခြောက်၊ ဝက်သားချဉ်ပြုလုပ်၍လည်း ရောင်းချကြသည်။ ဝက်သားပေါင်သား(၂၅)လျှင်(၉၀၀၀/၁၀၀၀၀)ကျပ်၊ တစ်ပိဿာလျှင်(၃၂၀၀၀/၃၅၀၀၀)အထိ ရောင်းချကြသည်။ ဝက်နံရိုးကို ဝက်နံကင်ပြုလုပ်ရာတွင်လည်း ရောင်းချကြကြောင်း သိရှိရသည်။
DOCA(မန္တလေး)