ကြံနှင့် ကြံရည်များ အရောင်းသွက်

Powered by Drupal

     မန္တလေးမြို့တွင်းသို့ စဉ့်ကူး၊ သပိတ်ကျင်း၊ ပြင်ဦးလွင်နှင့် မတ္တရာတို့မှ ထွက်ရှိသည့်ကြံများ အဆက်မပြတ်ဝင်ရောက်လျှက်ရှိပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်လျှက်ရှိကြသည်။ မန္တလေးမြို့ သည် အညာဒေသဖြစ်သည့်အလျောက် မတ်လမှ ဇွန်လအထိ အပူချိန်ပြင်းသည့်ကာလဖြစ်သော ကြောင့် ကြံများမှ ထွက်ရှိသည့် ကြံရည်များသာမက သကြားချက်လုပ်ရာတွင် အသုံးပြုကြပြီး သစ်ပင်ရိပ်နှင့် ထနောင်းရိပ်တို့တွင် အရိပ်ကောင်းသည့်နေရာ၌ကြံရည်များကို တစ်ခွက်လျှင် (၁၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ယခင်တစ်ချိန်က ကြံကိုအစည်းလိုက်ရောင်းချကြသော်လည်း ယခုတွင်မူ ပိုင်းဖြတ်၍သုံးတောင်(၁၀)ချောင်းစည်း တစ်စည်းလျှင်(၆၀၀၀/၈၅၀၀)ကျပ်နှင့် လေးတောင်(၁၀)ချောင်းစည်းတစ်စည်းလျှင်(၈၀၀၀/၁၀၀၀၀)ကျပ် အသီးသီးတို့ဖြင့် အရောင်း အဝယ်သွက်လျှက်ရှိကြောင်း ကြံရောင်းချသူထံမှ သိရှိရသည်။

DOCA(မန္တလေး)