ကျွန်းလှမြို့နယ် အတွင်း ရောင်းချနေသော ငရုပ်သီးခြောက် ဈေးနှုန်း

Powered by Drupal

  ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်း ငရုပ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ တို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

  ၂၀၂၅ ခုနှစ်၊ မေလ တတိယအပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်အတွင်း ရောင်းချနေ သော ငရုပ်သီးခြောက်ဈေးနှုန်း အနေဖြင့် ငရုပ်သီးခြောက်(အရှည်) တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀) (၅၀)ကျပ်သားလျှင်(၉၀၀၀)၊ (၂၅) ကျပ်သားလျှင် ကျပ်(၄၅၀၀) နှင့် (၁၀)ကျပ်သားလျှင် ကျပ်(၁၈၀၀) ဈေးနှုန်း အသီးသီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ ငရုပ်၊ ကြက်သွန်ဖြူ/နီနှင့် အာလူး အရောင်းအဝယ်လုပ်နေသူ ထံမှ သိရှိရပါ သည်။

DOCA(စစ်ကိုင်း)