ကုန်သွယ်မှုသတင်းများ
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ၌ ဆန်တင်ပို့မှုနှင့် ဆန်ပြန်လည်တင်ပို့မှု (re-export) တို့ကို ၂၈-၇-၂၀၂၃ နေ့မှစ၍ ၄ လကြာကာလအထိ ယာယီတားမြစ်ပိတ်ပင်လိုက်ကြောင်း စီးပွားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အိန္ဒိယနိုင်ငံ၌ ၂၀၂၃ ခုနှစ် မိုးသီးနှံရာသီ၌ ၂၈-၇-၂၀၂၃ နေ့အထိ စပါးစိုက်ပျိုးပြီးစီးမှု ဧရိယာ ဟက်တာပေါင်း ၂၃၇.၅၈ သိန်းရှိပြီး ယခင်နှစ်ကာလတူ စိုက်ပျိုးနိုင်မှု ဟက်တာ ၂၃၃.၂၅ သိန်း ထက် ၂% တိုးတက်ခဲ့သော်လည်း ပဲမျိုးစုံ စိုက်ပျိုးပြီးစီးမှုမှာ ယခင်နှစ်ကာလတူအောက် ဧရိယာဟက်တာ ၁၂.၃၂ သိန်းခန့် လျော့နည်းနေဆဲဖြစ်ကြောင်း သိရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး၏ ပြည်ပပို့ကုန်များတွင်ပါဝင်လျက်ရှိသော ဆံပင်ဈေးကွက်မှာ ယခင်မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိသော်လည်း ကိုဗစ်ကာလတွင် ဆံပင်အရောင်းအဝယ်အေးသွား၍ ကိုဗစ်ကာလအလွန်၌ ရန်ကုန်မြို့တွင် တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံသားများက လာရောက်ဝယ်ယူလျက်ရှိပြီး အင်တာနက်ဖြင့် ပစ္စည်းနမူနာပြသ၍ ရောင်းဝယ် လျက်ရှိသည့်အတွက် ဆံပင်ဈေးကွက်ပြောင်းလဲသွားကြောင်း လုပ်ငန်းရှင်ထံမှသိရသည်၊၊

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီးဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ယာယီ) နှင့် ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့ပူးပေါင်းပါဝင်၍ စားအုန်းဆီများကို လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့်ရောင်းချစေရေး၊ ဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်းမပြုလုပ်စေရေးနှင့် စားအုန်းဆီများကိုသက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများဝယ်ယူစားသုံးနိ

မြင်းခြံခရိုင်သည် အရှေ့ဘက်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ နယ်၊ တံတားဦးမြို့နယ်၊ တောင်ဘက်တွင် မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်နှင့် ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ အနောက်ဘက်တွင် ဧရာဝတီမြစ်ခြား၍ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ မြောက်ဘက်တွင် စစ်ကိုင်းဒေသကြီး၊ မြောင်မြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပါသည်။
