ကုန်သွယ်မှုသတင်းများ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြို့မစည်ပင်သာယာဈေးကြီး၏ နယ်နိမိတ်အတွင်း ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ စတုတ္ထပတ်အတွင်းဖြစ်ပေါ်ခဲ့သော အခြေခံစားကုန်များ၏လက်လီဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်လျှင် (၅၀၀၀)ကျပ်၊ ဧရာပဒေသာတစ်ပြည်လျှင် (၅၀၀၀)ကျပ်၊ ဧည့်မထတစ်ပြည်လျှင် (၃၀၀၀)ကျပ်၊ ငစိန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်၊ မနောသုခတစ်ပြည်လျှင် (၃၅၀၀)ကျပ်၊ ပဲဆီတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ကုလားပဲခြမ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ မြို့မဈေးအတွင်း၌ ဒေသထွက်ကုန်ပစ္စည်းများနှင့် စားဖိုဆောင်သီးနှံများဝင်ရောက်ရာ ရှမ်းပြည်၊ တောင်ကြီး၊ အောင်ပန်း၊ စလင်း၊ ဆင်ဖြူကျွန်း၊ မကွေး၊ ရေနံချောင်း၊ မန္တလေး၊ မင်းဘူး၊ နေပြည်တော်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမံများ အများဆုံးဝင်ရောက်ရောင်းချလျက်ရှိကြောင်းသိရသည်။

(၂၀၂၂-၂၀၂၃) ခုနှစ်၊ ပဲမျိုးစုံပေါ်ချိန်အတွင်း ပဲမျိုးစုံဈေးနှုန်း/ဈေးကွက်အခြေအနေကောင်းခဲ့ပြီး ပဲပေါ်ချိန်ရာသီကုန်ဆုံးပြီးနောက် ထောပတ်ပဲဈေးမှာ အထူးဈေးကောင်းရလျက်ရှိကြောင်းသိရသည်၊၊

ထိုင်းနိုင်ငံ၌ ရေချွေတာရန်အတွက် အလယ်ပိုင်းလွင်ပြင်ဒေသများတွင် စပါးစိုက်ပျိုးခြင်းကို ဆိုင်းငံ့ထားရန် အစိုးရက စဉ်းစားဖွယ်ရှိကြောင်း ထိုင်းအမျိုးသားရေအရင်းအမြစ်ရုံး (ONWR)မှ ပြောကြားခဲ့သည်။
.jpg?itok=8TkGkMQS)
အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုတားမြစ်ခဲ့ခြင်းသည် ကမ္ဘာ့ဈေးကွက်သို့ ထောက်ပံ့မှုအပေါ် အကျပ်အတည်း ဖြစ်ပေါ်စေပြီး ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ဆန်တင်ပို့သူများအနေဖြင့် ဩဂုတ်လတွင် တင်ပို့ရမည့် ဆန်တန်ချိန် ၅ သိန်းခန့်ရှိသော အရောင်းအဝယ်စာချုပ်များအတွက် ဈေးနှုန်းများကို ပြန်လည်ညှိနှိုင်းနေရသည်ဟု ကုန်သွယ်ရေးသတင်းအရင်းအမြစ်နှစ်ခုက ပြောဆိုပါသည်။
