ကုန်သွယ်မှုသတင်းများ
ပြည်ပဲဈေးကွက်အတွင်း ပဲအားလုံးလိုလို ယခုနှစ်မှာ ဈေးကောင်းရလျက်ရှိပြီး ပဲတစ်တင်း (၉၀၀၀၀) ကျပ်အထက် ရောင်းဝယ်မှုဖြစ်ခဲ့ကြသော်လည်း ဘိုကိတ်နှင့် ပဲလွန်းဖြူသီးနှံကတော့ အဆိုပါပဲများကဲ့သို့ ဈေးကောင်းမရဘဲ တစ်တင်းကျပ်(၅၀၀၀၀)ကျော် (၆၀၀၀၀)ကျပ်ခန့်သာ ရောင်းဝယ်မှုဖြစ်ကြကြောင်း သိရပါသည်။ ဒေသတွင်း ရောင်းဝယ်မှုအဖြစ်များပြီး ယခုအခါ ပဲလက်ကျန်များအား လက်လီသမားများဖြင့်သာ ရောင်းဝယ်ခဲ့ကြပါသည်။ အဆိုပါပဲများသည် ပဲထွက်ပေါ်ချိန် အထွက်လှိုင်ချိန်များတွင်သာ လက်လီ/လက်ကား ရောင်းအားတက်သော ပဲဖြစ်ကြ ပ

ယခုအခါ သစ်သီးဝလံဈေးကွက်မှာ နာနတ်သီး၊ ဒူးရင်းသီး၊ နဂါးမောက်သီး၊ ကြက်မောက်သီး၊ မင်းဂွတ်သီးများ ဈေးကွက်အတွင်း ရောင်းဝယ်မှုများလျက်ရှိကြရာတွင် ဒူးရင်းသီးရောင်းချမှုအနေဖြင့် ကားလေးများဖြင့် လမ်းဘေး၌ နေရာတစ်နေရာယူ၍ရောင်းချကြသလို နာနတ်သီးများကလည်း ပြည်မြို့သို့ ရန်ကုန်ဘက်မှ အဝင်လမ်း၊ မြို့ရှောင်လမ်း တစ်လျှောက်လမ်း ဘေးဝဲယာများတွင် နာနတ်သီးရောင်းချသည့်ဆိုင်များ အများအပြားရှိခဲ့ကြပါသည်။ နဂါးမောက်သီး၊ မင်းဂွတ်သီး ၊ ကြက်မောက်သီးများကတော့ Online မှရော ဈေးများအတွင်းမှာပါ ရောင်းချလျ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ သဲကုန်းရပ်ကွက်၊ အောင်မင်္ဂလာလမ်းတွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော မိသားစုတစ်နိုင်တစ်ပိုင် မုန့်ဟင်းခါးဖတ်လုပ်ငန်းသို့ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၈-၇-၂၀၂၃) ရက်နေ့တွင် သွားရောက်လေ့လာခဲ့ကြောင်းသိရှိရပါသည်။

မိုးရာသီဖြစ်သော ၂၀၂၃ခုနှစ်၊ ဇူလိုင်လအတွင်း နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကြက်ဟင်းခါးသီး (အလုံးသေး) များလှိုင်လှိုင်ထွက်ရှိနေပြီး ဇူလိုင်လ၊ တတိယအပတ်တွင် တစ်ပိဿာလျှင် (၅၀၀-၆၀၀) ကျပ်ဈေးနှုန်းဖြင့် ကုန်စိမ်းဒိုင်များကဝယ်ယူနေကြကြောင်း သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဇီးကုန်းကျေးရွာတွင် ခြင်း၊ တောင်း၊ စကောနှင့် စကာများရက်လုပ်လျက်ရှိပါသည်။ ရွာနေပြည်သူများသည် ခြင်း၊ တောင်း၊ စကောနှင့်စကာများကိုရက်လုပ်ပြီး အသက်ဝမ်းကြောင်းပြုနေသော ရွာတစ်ရွာလည်းဖြစ်ပါသည်။ ထိုအရာများကိုယက်လုပ်ရာတွင် ဝါးကို ကုန်ကြမ်းအဖြစ်အသုံးပြုကြပါသည်။
