ကုန်သွယ်မှုသတင်းများ
စားအုန်းဆီ ကြိတ်ခွဲထုတ်လုပ်ခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအတွင်း ဆီအုန်းတိုးမြှင့်စိုက်ပျိုးရေး လှုပ်ရှားမှုအစီအစဉ်ကို ဆောင်ရွက်လျက်ရှိကြောင်း ဇူလိုင်လ ၃၀ ရက် တနင်္ဂနွေနေ့တွင် အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံအစိုးရက ဇီဝဒီဇယ် ၃၅ သို့မဟုတ် ဘီ၃၅ (B35) ကို နိုင်ငံအနှံ့အပြားတွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် တစ်ပြိုင်နက်တည်း စတင်အသုံးပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ B35 ဇီဝဒီဇယ်ဆိုသည်မှာ သာမန်လောင်စာဆီနှင့် ဇီဝလောင်စာဆီ ၃၅ ရာခိုင်နှုန်း ရောနှောထားသည့် လောင်စာဆီအမျိုးအစားတစ်ခုဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလ၌ ပထမဦးဆုံး မိတ်ဆက်ဆောင်ရွက်ခဲ့သည့် အစီအစဉ်ဖြစ်ကြောင်း သိရပါသည်။

ကော်ဖီသုံးစွဲသည့် ဥရောပနှင့်အမေရိကန်နိုင်ငံတို့တွင် စီးပွားရေးအခြေအနေ လျော့နည်းကျဆင်းမည့် အလားအလာများ ရှိနေသော်လည်း အိန္ဒိယနိုင်ငံမှ အထူးထုတ်လုပ်သည့် ကော်ဖီများဖြစ်ကြသော Monsooned Malabar နှင့် Robusta Kapi Royale တို့အတွက် ပြည်ပဝယ်လိုအားမှာ မူလအခြေအနေအတိုင်းပင် ဆက်လက်ဖြစ်ပေါ်နေမည်ဟု ခန့်မှန်းသိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ဈေးကွက်အတွင်းသို့ ၂၀၂၃ခုနှစ် ဇူလိုင်လ(ဒုတိယပတ်)တွင် မိုးပဲတီစိမ်းအသစ်များ စတင်ဝင်ရောက်လာကာ (၂၀)ပိဿာ (၁)တင်းလျှင် ကျပ်(၅၃၅၀၀မှ ၅၅၀၀၀)ဖြင့် ဈေးကွက် စတင်ဖွင့်လှစ်ပြီး တရုတ်မှ အဝယ်သွက်လျက်ရှိသည့်အတွက် မန္တလေးဈေးကွက်မှ အမြင့်ဈေးပေး၍ ဝယ်ယူမှုရှိကြောင်း သိရှိရပါသည်။
၂၀၂၃ ခုနှစ်၏ လက်ကျန်ကာလများတွင် တင်ပို့မှုဆိုင်ရာ အခက်အခဲများဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းမှုများအရ ဗီယက်နမ် သီဟိုဠ်လုပ်ငန်းရှင်များအသင်း (VINACAS) က ယခုနှစ် သီဟိုဠ်စေ့ တင်ပို့ရန် ရည်မှန်းထားသည့်ပမာဏကို အမေရိကန်ဒေါ်လာ ၃.၀၅ ဘီလီယံသို့ လျှော့ချခဲ့ကြောင်း၊ သို့ဖြစ်ရာ ၎င်းတို့ မူလမျှော်မှန်းသည့် လျာထားချက်အပေါ် ဒေါ်လာသန်း ၅၀ နှင့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးဝန်ကြီးဌာန၏ လျာထားချက်အပေါ် ဒေါ်လာသန်း ၇၅၀ အသီးသီး လျှော့ချခဲ့ခြင်းဖြစ်ကြောင်း Vietnam News သတင်းဌာနက ဖော်ပ
