ကုန်သွယ်မှုသတင်းများ

Powered by Drupal
08 Aug 2023

      တောင်ငူမြို့နယ် ၊ အနောက်ဆင်ကျေးရွာအုပ်စု ၊ ရွာတန်းရှည်ကျေးရွာ ဝက်မွေးမြူရေး လုပ်ငန်းသည် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က စတင်လုပ်ကိုင်ခဲ့ပြီး အောင်မြင်နေသော မွေးမြူရေး လုပ်ငန်းတစ်ခုဖြစ်ပါသည်။

08 Aug 2023

     တစ်သက်ပျော်ချင်လျှင် သစ်ပင်စိုက်ကြစို့ဟု ဆိုသည်အတိုင်း ယခုအချိန် မိုးရာသီသို့ရောက် ရှိနေပြီဖြစ်သောကြောင့် အရိပ်လည်းရ အသီးလည်း စားရသောနှစ်ရှည်သီးပင်များကို စိုက်ပျိုးသင့်ပါသည်။ ပြည်မြို့တွင် သီးပင်စားပင် ပိန်းအလှပင်များ၊ ဂမုန်းမျိုးများ၊ သစ်ခွပင်များကို စိုက်ပျိုးရောင်းချကြသော ဆိုင်အများအပြားရှိကြပါသည်။ ထိုသို့ရောင်းချနေသော အပင်များထဲမှာ အရိပ်လည်းရ အသီးပါ စားရသော နှစ်ရှည်ပင်များ၏ဈေးကွက်များမှာ စိန်တလုံးသရက်ကိုင်းဆက် နှစ်ချင်းသီး တစ်ပင်လျှင် (၃၀၀၀)ကျပ်၊ ပတ္တမြားငမောက်သရက

08 Aug 2023

    ပြည်ပဲမျိုးစုံဈေးကွက်သို့ ပဲတီစိမ်းသစ်များ နေ့စဉ်ဝင်ရောက်မှုများလာခဲ့ကြောင်း သိရပါသည်။ ပဲအထွက်လှိုင်လာပြီဖြစ်သည့်အတွက် တစ်ရက်အိတ် (၄၀၀/၅၀၀)ကျော်ထိ နေ့စဉ်ဝင်ရောက်ခဲ့သလို ဝယ်လိုအားအနေဖြင့်လည်း အဝင်ရှိလာသလောက် ဝယ်ယူမှုများခဲ့ကြပါသည်။ ပြည်ဈေးကွက်သို့ ရွှေတောင်၊ ကျီးသဲ၊ ပေါက်ခါင်းနှင့် ပြည်ဒေသတဝိုက်မှ ဝင်ရောက်လာသလို မင်းတုန်း၊ ကံမမြို့နယ်များမှလည်း ကုန်းလမ်းရော၊ ရေလမ်းကပါ အဝင်ရှိလာခဲ့ကြပါသည်။ ဝယ်လိုအားကတော့ ရန်ကုန်ဝယ် လက်ထက် မန္တလေးဝယ်လက်အဝယ်ပိုမိုများပြားလာကြောင်း သိရပါသည်။

08 Aug 2023

      မန်ကျည်းပင်ကို မြန်မာနိုင်ငံအထက်ပိုင်းတွင် အများဆုံးစိုက်ပျိုးကြပါသည်။ လယ်ကွင်းများ၊ ဥယျာဉ်ခြံများ၊ ကျွဲ၊ နွားစားကျက်များ၌ မန်ကျည်းပင်ပေါက်စများကို အနှံအပြားတွေ့မြင်ရပြီး အပင် ပေါက်လွယ်သည့် သစ်ပင်မျိုးဖြစ်ကြောင်း သိရပါသည်။ မန်ကျည်းပင်ကို မြေညီပိုင်းတွင် နေရာတိုင်း၌ စိုက်ပျိုးနိုင်ပါသည်။

08 Aug 2023

   ပြည်ပဲဈေးကွက်မှာ ပြည်ပဝယ်လိုအားပဲများသာမက ပြည်တွင်းဝယ်လက်ပဲများကလည်း နေ့စဉ် ရောင်းဝယ်လျက်ရှိကြရာ မတ်ပဲ၊ ပဲစင်းငုံသီးနှံများ ဈေးကောင်းရခဲ့သလို ပဲနီပြား၊ စားတော်ပဲ၊ စသည့် ပြည်တွင်းစားသုံးမှုများသော ပဲများကလည်း ဈေးပြန်မြင့်တက်လျက်ရှိကြပါသည်။ ပဲနီပြားသီးနှံသည် ဇူလိုင်လအတွင်း ပဲဈေးကွက်၌ တစ်တင်း(၉၀၀၀၀)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြသည့်အတွက် စားတော်ပဲ သီးနှံထက် ဈေးလျော့နည်းခဲ့သည်ဆိုသော်လည်း ယခင်နှစ်က ကာလတူအချိန်ရရှိခဲ့သော ပဲနီပြားသီးနှံ ဈေးထက် ကျပ်(၄၀၀၀၀)ကျော်အထိ မြင့်တက်လာခဲ့ပါသည်။

Pages