ကုန်သွယ်မှုသတင်းများ

Powered by Drupal
08 Aug 2023

    တောင်ငူမြို့နယ်၊ ဒိုးသောင်ကျေးရွာအုပ်စု၊ ရှမ်းဝတီးကျေးရွာတွင် ဂန္ဓမာပန်းနှင့် မေမြို့ပန်း စုစုပေါင်းစိုက်ဧက ၈၈.၇၅ ဧကခန့်ရှိပါသည်။ ပန်းဝယ်လက်အပေါ်မူတည်၍ ပင်ကြား အကွာအဝေး (၈"× ၁၀")၊ ပန်းအခိုင်လိုက် သို့မဟုတ် ပန်းပဒေသာများကို (၁၈"× ၂၄") ကြားထား၍ စိုက်ပျိုးကြပြီး ယခင်က တစ်ဧကလျှင် ကျပ် ၂၅ သိန်း ဝန်းကျင်ခန့်ကုန်ကျပါသည်။ ယခုအခါတွင် သွင်းအားစု၊ ပိုးသတ်ဆေးနှင့် လုပ်သားခ မြင့်တက်ခြင်းတို့ကြောင့် ကုန်ကျစရိတ်မှာ ကျပ် ၃၅ သိန်း ခန့်ရှိပါသည်။

08 Aug 2023

    မန်ကျည်းပင်သည် နွေရာသီတွင် အေးမြသောအရိပ်ကိုပေးနိုင်ပြီး လူတို့အတွက် အရွက်၊ အသီး၊ အခေါက်တစ်ပင်လုံးနီးပါးအသုံးဝင်ပါသည်။ ယခုအချိန်တွင် မိုးရာသီရောက်ရှိနေပြီဖြစ်သည့်အတွက် ရာသီစာတစ်ခုအနေဖြင့် မန်ကျည်းသီးစိမ်းကို ပုစွန်ဆိတ်ဖြင့်ကြော်၍လည်းကောင်း၊ မန်ကျည်းသီးစိမ်းငါးပိချက်ချက်၍သော်လည်းကောင်း၊ မန်ကျည်းစိမ်းနှင့်မျှစ်တို့ကိုကြော်၍လည်းကောင်း အရန်ဟင်းတစ်ခွက်အဖြစ် စားသောက်ကြပါသည်။ မန်ကျည်းသီးစိမ်းတွင် ဗီတာမင်စီ၊ ဗီတာမင်အေ၊ ကယ်လ်စီယမ်၊ သံဓာတ်၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ် စသည့်အာဟာရဓာ

08 Aug 2023

     ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး(သိင်္ဂီ) တစ်ပြည် ၅၅၀၀ ကျပ်၊ ဧည့်မထ (ဒေသ)ဆန် တစ်ပြည် ၃၃၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များအနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၃၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၈၅၀၀ ကျပ်၊ (ရှမ်းစ) တစ်ပိဿာ ၈၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၂၅၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၄၀၀၀ ကျပ်၊ မန်ကျည်းသီးမှည့် တစ

08 Aug 2023

   ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ဒုတိယအပတ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၄၅၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၆၀၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၇၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၃၃၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၄၃၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၄၂၀၀)ကျပ် ဖြစ်ပါသည်။

08 Aug 2023

   မိုးတွင်းကာလတွင် အလေ့ကျပေါက်လေ့ရှိသောဖလံတောင်ဝှေးပင်လေးများမှာ ဆေးဖက်အလွန်ဝင်ပြီး ခါးစပ်သောအရသာရှိပါသည်။ ဖလံတောင်ဝှေးပင်များကို ပလောင်တောင်ဝှေးပင်ဟူ၍လည်းခေါ်ဆိုကြပါသည်။ ဖလံတောင်ဝှေးကိုစားလျှင် ဝမ်းမီးကိုတောက်စေပြီး နှလုံးကိုအားဖြစ်စေပါသည်။ သလိပ်၊ သည်းခြေအဖျား၊ သွေးကြောင့်ဖြစ်သောရောဂါများကိုပျောက်ကင်းစေပါသည်။ ဖလံတောင်ဝှေးလှိုင်လှိုင်ပေါသည့် ၂၀၂၃ခုနှစ်၊ မိုးဦးကျချိန်တွင် တစ်စည်းလျှင် (၅၀၀) ကျပ်ဖြင့်သာရောင်းချကြပြီး အရိုင်းစည်းတစ်စည်းလျှင် (တစ်ပိဿာခန့်) (၁၅၀၀) ကျပ်ဖြင့်ရောင

Pages