ကုန်သွယ်မှုသတင်းများ

Powered by Drupal
08 Aug 2023

    ချဉ်သောအရသာရှိပြီး ဝါကျင့်ကျင့်အရောင်ရှိသည့်ကြို့သီးကို ပြည်ဒေသ၏ အနီးပတ်ဝန်းကျင်ဒေသများဖြစ်သော ပျဉ်ပင်ကိုင်း၊ သဇင်လှ၊ မှော်ဇာ စသည့်နယ်များနှင့်  နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဆင်မြီးဆွဲ၊ ပုတီးကုန်း စသည့်နယ်များမှလည်း ပြည်ဈေးကွက်သို့ ဝင်ရောက်မှုရှိနေပါသည်။ ကြို့သီးကို ကြို့သီးငါးပိချက်၊ ကြို့သီးချဉ်ဟင်းများချက်ပြုတ်စားနိုင်ပြီး သားရေစာအဖြစ် ဆေးသကြား၊ ငရုတ်သီးမှုန့်၊ ငံပြာရည်တို့နှင့်သုပ်စား၍လည်းစားသုံးကြပါသည်။ ကျန်းမာရေးအတွက် အစာကြေ၊ ရင်ချောင်ရန် ကြို့သီးနှင့်

08 Aug 2023

     တောင်ငူမြို့ရှိ မတ်ပဲပွဲရုံများတွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ပထမပတ်တွင် မတ်ပဲ တစ်အိတ်လျှင် ၁၀၉၀၀၀ ကျပ်မှ ၁၁၀၀၀၀ ကျပ်ဖြင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။

      မတ်လ တတိယပတ်တွင် တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်မှ ၁၁၁၀၀၀ ကျပ်အထိ ဈေးအနည်းငယ်တက်လာပြီး ဇူလိုင်လကုန်ပိုင်းအထိ ၎င်းဈေးနှုန်းအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

08 Aug 2023

   ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် ‘ဝဥ’ပင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားကြသည်ကို‌ တွေ့ရပါသည်။ ပဲခူးရိုးမတောင်ပေါ်တွင် တွေ့ရှိရသော ‘ဝဥ’ အနီမျိုးများကို အိမ်စားသုံးရန်အတွက် စိုက်ပျိုးကြခြင်းဖြစ်ပါသည်။ ‘ဝဥ’ပင်များတွင် အရိုင်းနှင့် အယဉ်ဟူ၍ နှစ်မျိုးရှိကြောင်း သိရပါသည်။ ‘ဝဥ’အရိုင်းများကို စားသုံးရန် မသင့်ဘဲ ‘ဝဥ’အယဉ်များကိုသာ စားသုံးကြရပါသည်။

08 Aug 2023

   ဂေါ်ရခါးပင်သည် အကြမ်းခံသောအပင်မျိုးဖြစ်ပြီး မြေအမျိုးအစားမရွေးစိုက်ပျိုးနိုင်သောအပင်ဖြစ်ပါသည်။ ဂေါ်ရခါးပင်တစ်ပင်တည်းမှာပင် အဖိုပွင့်နှင့် အမပွင့်ဟူ၍ သီးခြားပွင့်ပါသည်။ အဖိုပွင့်သည် အကိုင်းနှင့်အရွက်ကြားမှထွက်ရှိပြီး အမပွင့်သည် အဆစ်ကြားမှထွက်ရှိပါသည်။ အသီးအရွယ်အစားမှာ ပုံသဏ္ဌာန်အမျိုးမျိုးရှိပါသည်။ အသီး၏အရောင်မှာ အစိမ်းဖြူနှင့်အစိမ်းရင့်ရင့်ဟူ၍  အရောင်နှစ်မျိုးရှိပါသည်။ ၎င်းတို့အနက်မှ အစိမ်းသီးကိုပိုမိုစားသုံးကြပါသည်။ ဂေါ်ရခါးသီးတစ်လုံးလျှင် အစေ့တစ်စေ့သာရှိပြီး အပင်စိုက်ရ

08 Aug 2023

       တောင်ငူမြို့တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ၁၀၃၀၀၀ ကျပ်၊ ဒေသပေါ်ဆန်း တစ်အိတ်လျှင် ၉၈၀၀၀ ကျပ်၊ ဧည့်မထ(နွေ) တစ်အိတ်လျှင် ၅၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပြီး ဧည့်မထ(မိုး)မှာ ယခင်အပတ်က တစ်အိတ်လျှင် ၇၄၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၇၆၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်တက်ပါသည်။      

Pages